ပရိသတ်တွေရဲ့ အားပေးမှုနေရာ တစ် နေရာရရှိထားတဲ့ မိုးဟေကိုက ဒါရိုက် တာညိုမင်းလွင် ရိုက်ကူး တဲ့ ‘Black List’ ဇာတ်ကားကိုနေ မင်း၊ဝါဝါအောင်တို့နဲ့အတူ ရိုက်ကူးနေပါတယ်။ မိုးဟေကိုက မိခင်ကို ပြည်ပနိုင်ငံမှာ ဆေးသွားကုသပေးခဲ့ပြီး ရှောပင်းလည်း ထွက်ဖြစ်ခဲ့ပါသေးတယ်။ ခရီးထွက်ဖြစ်နေတဲ့အချိန်မှာ တော့ ကား ရိုက်တွေကို ခဏနားခဲ့ပါတယ်။ ခရီးနဲ့ပတ်သက်ပြီး မိုးဟေကိုက…”မိုးခရီးသွားနေလို့ ခဏနားထားပါတယ်။ အမေကလည်း နေမကောင်းတာနဲ့ ဆေးခန်းသွားပြ တယ်။ ပြီးတော့ သူငယ်ချင်းတွေနဲ့ ရှောပင်းလည်း ထွက်ခဲ့တယ်။ ဇာတ်ကားတွေကို
Tuesday, 2 April 2013
မိသားစုနှင့်အတူ ဒီနှစ်သင်္ကြန်မှာ တရားစခန်းဝင်မယ့် မိုးဟေကို ...
အလွမ်းမင်းသားလေး | 04:13 |
အနုပညာသတင်း
ပရိသတ်တွေရဲ့ အားပေးမှုနေရာ တစ် နေရာရရှိထားတဲ့ မိုးဟေကိုက ဒါရိုက် တာညိုမင်းလွင် ရိုက်ကူး တဲ့ ‘Black List’ ဇာတ်ကားကိုနေ မင်း၊ဝါဝါအောင်တို့နဲ့အတူ ရိုက်ကူးနေပါတယ်။ မိုးဟေကိုက မိခင်ကို ပြည်ပနိုင်ငံမှာ ဆေးသွားကုသပေးခဲ့ပြီး ရှောပင်းလည်း ထွက်ဖြစ်ခဲ့ပါသေးတယ်။ ခရီးထွက်ဖြစ်နေတဲ့အချိန်မှာ တော့ ကား ရိုက်တွေကို ခဏနားခဲ့ပါတယ်။ ခရီးနဲ့ပတ်သက်ပြီး မိုးဟေကိုက…”မိုးခရီးသွားနေလို့ ခဏနားထားပါတယ်။ အမေကလည်း နေမကောင်းတာနဲ့ ဆေးခန်းသွားပြ တယ်။ ပြီးတော့ သူငယ်ချင်းတွေနဲ့ ရှောပင်းလည်း ထွက်ခဲ့တယ်။ ဇာတ်ကားတွေကို
Monday, 1 April 2013
အဖြူရောင်ကြင်နာခြင်းများ...
အလွမ်းမင်းသားလေး | 08:06 |
ကဗျာ
တစ်ခါတစ်လေတော့လည်း
နင့်ရဲ့အလွမ်းတွေက
ငါ့ရင်ကို လာလာရိုက်တယ်..
လှိုင်းအရိုက်ခံ သောင်ပြင်ဆိုပေမယ့်
အရိုက်ခံများလာတော့
လဲပြိုရစမြဲပေါ့...
သံယောဇဉ်နွယ်မျှင်ဆိုတာကလည်း
တစ်ပတ်ပြီးတစ်ပတ်
ရစ်သထက်ရစ်နေမိပြန်တော့လည်း ခက်သားလား..
တစ်ကယ်တော့
နှလုံးသားကောက်ကြောင်းဆိုတာ
ငါတို့ရဲ့နောက်ကြောင်းတွေကပြောတဲ့
“ကြင်နာခြင်းအဖြူရောင်”တွေပဲမဟုတ်လားကွယ်...
နင့်ရဲ့အလွမ်းတွေက
ငါ့ရင်ကို လာလာရိုက်တယ်..
လှိုင်းအရိုက်ခံ သောင်ပြင်ဆိုပေမယ့်
အရိုက်ခံများလာတော့
လဲပြိုရစမြဲပေါ့...
သံယောဇဉ်နွယ်မျှင်ဆိုတာကလည်း
တစ်ပတ်ပြီးတစ်ပတ်
ရစ်သထက်ရစ်နေမိပြန်တော့လည်း ခက်သားလား..
တစ်ကယ်တော့
နှလုံးသားကောက်ကြောင်းဆိုတာ
ငါတို့ရဲ့နောက်ကြောင်းတွေကပြောတဲ့
“ကြင်နာခြင်းအဖြူရောင်”တွေပဲမဟုတ်လားကွယ်...
အဖြူရောင်နတ်သမီး
“မပြောလည်းပဲ”...
အလွမ်းမင်းသားလေး | 08:04 |
ကဗျာ

နှုတ်မဆက်နဲ့“ကို”
တစ်နေ့တော့ တို့တွေ ထပ်တွေ့ကြမယ်
ဝေးနေပေမယ့်လည်း
ခပ်ရေးရေးသတိရပေးရင် ကျေနပ်ပြီ....
“Good Bye..”တဲ့လား
တို့တွေလက်ဆွဲနှုတ်ဆက်
“ကို”ပြောခဲ့တဲ့စကား
“မပြန်ပါနဲ့အုံး.. အနားမှာ ခဏလောက်နေပေးလှည့်ပါ..”တဲ့
ရုတ်တရက် လှုပ်ခတ်သွားတဲ့နှလုံးသား
“ကို”မြင်ခဲ့မယ်ဆိုရင်
ခပ်ရိုးရိုးလေးပေမယ့်
ရင်ထဲက ဘာသာစကား
ဖွင့်မပြောလည်းပဲ
သိနားလည်လိမ့်မယ်....။
တစ်နေ့တော့ တို့တွေ ထပ်တွေ့ကြမယ်
ဝေးနေပေမယ့်လည်း
ခပ်ရေးရေးသတိရပေးရင် ကျေနပ်ပြီ....
“Good Bye..”တဲ့လား
တို့တွေလက်ဆွဲနှုတ်ဆက်
“ကို”ပြောခဲ့တဲ့စကား
“မပြန်ပါနဲ့အုံး.. အနားမှာ ခဏလောက်နေပေးလှည့်ပါ..”တဲ့
ရုတ်တရက် လှုပ်ခတ်သွားတဲ့နှလုံးသား
“ကို”မြင်ခဲ့မယ်ဆိုရင်
ခပ်ရိုးရိုးလေးပေမယ့်
ရင်ထဲက ဘာသာစကား
ဖွင့်မပြောလည်းပဲ
သိနားလည်လိမ့်မယ်....။
အဖြူရောင်နတ်သမီး
File Folder လေးတွေကို ဓာတ်ပုံလေးနဲ့ ပေါ်အောင်လုပ်နည်း ...
အလွမ်းမင်းသားလေး | 07:08 |
နည်းပညာ

ဒီနည်းလေး ကတော့ မိမိတို့ ၇ဲ့  file
folders လေးတွေမှာ ပုံလေးနဲ့ ပေါ်အောင်လုပ်တဲ့ နည်းလေး ဖြစ်ပါ တယ်---
လုပ်ပုံ လုပ်နည်းလေး ကတော့ လွယ်လွယ်လေးပါ---- သယ်ချင်းတွေ တော်တော်
များများ လဲ သိပြီးသား ဖြစ်ပါလိမ့် မယ် -- မသိသေးတဲ့ သယ်ချင်းများ အတွက်
ဖော်ပြပေး လိုက်တာပါ-- ခင်ဗျာ။။
၁) Start >> All Programs >> Paint ကို ဖွင့်ပါ။
၂) Paint ပေါ်လာရင် Open ကနေ မိမိတို့ လုပ်ချင်တဲ့ ဓါတ်ပုံကို ဖွင့်လိုက်။
ကျနော်တို့နှစ်ယောက်...
အလွမ်းမင်းသားလေး | 07:04 |
ခံစားချက်
ဘ၀ရဲ့တခဏ
ကြုံဆုံခဲ့ကြရတာမို့
တယောက်ကိုတယောက်
အမြင်တွေဖလှယ်ကြ
ကျနော်တို့တတွေ စသိခဲ့ကြတယ်...။
ဒီလိုနဲ့ တီတီတာတာတွေပြောကြ
ခံစားချက်တွေ ဝေမျှရင်း
ရင်ခုန်သံတွေ ထပ်တူကြလို့
ခင်မင်ခွင့်တွေ နီးစပ်ခဲ့ကြတယ်...။
နှလုံးသားရဲ့တောင်းဆိုချက်
ရင်တွင်းစကားတွေ ထိုးနှက်ခဲ့လို့
အဖြူရောင် စည်းတံတားတွေ ကျော်လွှား
ခံစားချက်တွေ ဖောက်ပြားကာ
အချစ်ပန်းတို့ ဖူးပွင့်ခဲ့ဖူးတယ်....။
ကြုံဆုံမယ့် အခက်အခဲ
ရင်ဆိုင်ကာ နွဲပြီး
ဘ၀ရဲ့အမောတွေကြား
တွန်းလှန်ကာ အားတင်းထားမယ်လို့
ကျနော်တို့ နှစ်ဦးကြားမှာ
ဆိုစကားတွေ ရှိခဲ့ဖူးတယ်...။
ဓါးတောင်ကိုဖြတ်လှမ်း
မီးပင်လယ်ကို ဖြတ်သန်းရလည်း
အပြုံးမပျက် ပေါင်းဖက်
ဘ၀ဆုံးထိ ချစ်လျှက်ပဲဟု
သူနဲ့ ကျနော်
ကြွေးကြော်ခဲ့ဖူးတယ်...။
တခါတခါ
တယောက်လိုအပ်ချက်တွေ တဦးဖြည့်ဆည်း
ရှု့မငြီးပဲ အပြုံးတွေယှက်လို့
အတုန့်အလှည့် ရဲ့ နောက်ကွယ်မှာ
အကြင်နာတွေ ပိုခဲ့ကြဖူးတယ်...။
သူ့မျက်နှာ ရွှင်မပြ
ဒေါသတွေ ဖောင်းပွတတ်တဲ့ခါ
အေးချမ်းစွာ ဖျောင်းဖျ
အနှောက် စကားတွေနဲ့
မှောက်မှားမသွားအောင်လို့
ပကတိမေတ္တာကို လှစ်ခါပြ
မာန်မာနတွေ နှိမ့်ချခဲ့ဖူးတယ်...။
တခါတခါ
စကားတွေ ပြင်းထန်
အမြင်မမှန်တဲ့ အခါမျိုးမှာ
ကဗျာဆန်ဆန်စကားတွေနဲ့
အပြန်အလှန် ဖြေသိမ့်
အတ္တတွေ ချိုးနှိမ်ပြီး
မေတ္တာတွေ ယိုစိမ့်ခဲ့ကြဖူးတယ်...။
သူ့မျက်နှာကို မမြင်ခါနေ့မျိုးမှာ
အကြင်နာတွေ တိုးလို့သာ
ရေတွက်ကာ လက်ချိုးပြီး
ခံစားချက်တွေ မျိုသိပ်
လွမ်းစိတ်ကို ဖြေသိပ်ခဲ့ဖူးတယ်...။
ဒီလိုနဲ့
တဦးနဲ့တဦး
တယောက်ကိုတယောက် လက်ချင်းယှက်လို့
ပျော်ရွှင်စွာ လျှောက်လှမ်းရင်း
ဘ၀ရဲ့ ခရီးလမ်းမှာ
အေးအတူ ပူအမျှ ခံစား
ဘ၀ရဲ့လောကဓံ တရားဆိုတာလည်း
တို့နှစ်ဦးရဲ့ သစ္စာတွေနဲ့
ယုံကြည်စွာ ကျော်လွှားခဲ့ဖူးတယ်...။
ချစ်သူရေ
ငါတို့က တယောက်ကို တယောက်
မေတ္တာစစ်တွေနဲ့ ချစ်ခဲ့ကြတာမို့
ဝေးကွာခြင်း ဆိုတာ အနိစ္စ
လက်တွေ့မှာဆို ဝေးစွ
အတွေးမှာပင် မဝေးခဲ့ ကြတာမို့
ယုံကြည်မှု့တွေ မယိုင်လဲ
နားလည်မှု့ကို ခိုင်မြဲရင်း
တို့တတွေ တသက်လုံးလက်တွဲကြမယ်နော်....။
ငဖြိုး
Subscribe to:
Posts (Atom)


