အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Wednesday, 11 September 2013

ရှင်သန်ခြင်း နေ့ သစ် သို့ ........

အလွမ်းမင်းသားလေး | 06:06 | Best Blogger Tips




Photo: ရှင်သန်ခြင်း နေ့ သစ် သို့ ........




နေ ......အနွမ်း
လ .......အလွမ်း နဲ့ 
နေ့ ရက်တွေ လည်ပတ်

လှည့်ထွက်မရတဲ့  ကံကြမ္မာ ကြား
ဗျာ များရင်း
အလွမ်း အဆွေး ဘေးချိတ်
ဝမ်းရေး တိတ်တိတ် ဖြေရှင်း နေချိန်

ဖုံးအုတ်ထားတဲ့  အလွမ်း ဒဏ္ဌာရီ စာအုတ်လေးတောင်
လွမ်းစရာမရှိတော့ လွမ်းလက်ကျန်လေးနဲ့ ပဲ ရစ်မူးနေရရှာပေါ့

တိတ်ဆိတ်ခြင်းတွေ ခင်းကျင်းထားတဲ့  ညနက်နက် အိပ်ရာပေါ်
ကျောဆန့်  မနက်ဖြန်အတွက် ခရီးဆက်နေရပြန်ပြီ

နိုးထခြင်း မနက်ဖြန်တွေ အလွမ်းမပါပဲ နိုးထနိုင်ဖို့ 
ခုတော့ မျက်လုံးစုံမှိတ် အိပ်စက်ပြစ်လိုက်မယ်ကွာ

လင်းလက်တဲ့  မနက်ဖြန်အတွက်
ရှင်းလင်းတဲ့  နေ့ ရက်လေး ပိုင်ဆိုင်နိုင်ဖို့ 
လွမ်းလက်ကျန်လေး သောက်သုံးလိုက်အုံးမှ

ပြောက်ဆုံးခဲ့ တဲ့ 
ရှင်သန်ခြင်း နေ့ သစ် သို့ ........


30.7.2013...................1.04 AM

နေ ......အနွမ်း
လ .......အလွမ်း နဲ့ 
နေ့ ရက်တွေ လည်ပတ်

လှည့်ထွက်မရတဲ့  ကံကြမ္မာ ကြား
ဗျာ များရင်း
အလွမ်း အဆွေး ဘေးချိတ်
ဝမ်းရေး တိတ်တိတ် ဖြေရှင်း နေချိန်

ဖုံးအုတ်ထားတဲ့  အလွမ်း ဒဏ္ဌာရီ စာအုတ်လေးတောင်
လွမ်းစရာမရှိတော့ လွမ်းလက်ကျန်လေးနဲ့ ပဲ ရစ်မူးနေရရှာပေါ့

CD/DVD ခွေဘယ်လို Burn မလဲ - အခွေမကူးတတ်သေးတဲ့ သူများအတွက် ခွေကူးနည်း လမ်းညွှန်လေးပါ ...

အလွမ်းမင်းသားလေး | 05:51 | Best Blogger Tips





    အစဉ်သဖြင့် ကျနော့် Blog လေးက မသိသေး၊ မလုပ်တတ်သေးတဲ့ ညီအစ်ကို မောင်နှမများ အတွက် ဦးစားပေး၊ ရည်ရွယ်ခဲ့တာပါ.. အခြေခံနည်းပညာလေးတွေကို အားလုံးလုပ်တတ်၊ ကိုင်တတ်ရှိဖို့ ကိုပဲ ရည်ရွယ်ပါတယ်.။ ကွန်ပျူတာကို ကျွမ်းကျင်ပြီးသား သူများအနေနဲ့ ကျနော့် Blog လေးက ရယ်စရာ၊ ကလေးကစားစရာ Blog လေးတခုလို ဖြစ်နေပါလိမ့်မယ်.. ကျနော့်လို Blog မျိုး ရှိကောင်းရှိနိုင်ပါတယ်.. ဒါပေမယ့် ကျနော်ရှာလို့ မတွေ့သေးပါ.. ကျနော် ဆော့ဝဲလ်တခု တင်ပေးလိုက်ရင် အနည်းဆုံးတော့ အကြမ်းမျဉ်း သုံးတတ်အောင် ကျနော်ရှေ့ကနေ လုပ်ပြပေးတာ အကျင့်လိုဖြစ်နေပါပြီ.. အဲ့အတွက် ကျနော် အချိန်တွေ အများကြီးပေးရပါတယ်.. ပုံတွေများရင် များသလို နာရီပေါင်း များစွား အချိန်ကုန်ပါတယ်.. ကျနော်မအားတဲ့ ရက်တွေမှာ မေးထားတဲ့ မေးခွန်းလေးတွေ ၊ တောင်းထားတဲ့ ဆော့ဝဲလ်တွေ တင်မပေးနိုင်ခဲ့ရင် နားလည်ပေးကြပါဗျာ.. 

အဖြည့်ခံနှလုံးသားတခုရဲ့တမ်းခြင်း...

အလွမ်းမင်းသားလေး | 05:34 | Best Blogger Tips





ဒဿရေ.......
မင်းလိုပဲငါလဲ မာယာမင်းသားကိုမှ
ဗလာကျင်းတဲ့ ရင်ခွင်နန်းတော်မှာ
ပွင့်ဦးအဖြစ်တယုတယ သရဖူဆောင်းပေးဖူးတယ်။
လက္ခဏလိုပေးဆပ်ရင်း မျက်လုံးတွေစုံမှိတ်
အချစ်ဆိပ်တွေမျိုချရင်း နှလုံးသားတစ်ခုလုံး
မီးလောင်တိုက်သွင်းခံရဖူးတယ်။
သူ့ဘ၀တွက် ငါ့ဘ၀ပေး
သူ့နှလုံးသားတွက်
အပျော်တွေဆက်နှင်းပေးချင်ရက်နဲ့
ရေခွက်ထဲက လရိပ်ကိုပဲ ကြည့်ခွင့်ရတဲ့ငါ
ကောင်းကင်ကအရိပ်စစ်ကို နှုတ်ဆက်လိုက်ရတယ်။

တိတ်ဆိတ့်ခြင်း ချွေ တဲ့  ည...

အလွမ်းမင်းသားလေး | 04:59 | Best Blogger Tips



ဘ၀  ဆိုတဲ့   ခေါင်စဉ်  အောက်မှာ
ကျမ  တို့   ဆန္ဒတွေ
ဘယ်နေ့ လင်းခွင့်  ရမလဲ
ဘယ်သူမှ  နားမလည် တဲ့ 
လွမ်းဆွတ့်  လွမ်းမောခြင်း က
ကျမ တို့  နှစ်ယောက်ရဲ့ 
ရသ    တစ်ခွက်  လား

မနက်ဖြန် လို့   တွေး  မိတိုင်း
ဖြစ်မလာ သေးတဲ့   မနက်ဖြန်  ကို
ဖြစ်ပါ့မလား သံဒယ  နဲ့ 
အိပ်မပျော်တဲ့  ကျမ  ရဲ့ ညတွေ
ရေမျှောကမ်းတင် ဖြစ် စေ ခဲ့တယ်..။

ဘ၀  ရဲ့  နောက်ကောက်ကျမှု နဲ့ 
ဆန္ဒ တွေ ရင့် ရော် ခဲ့သလို
ဆန္ဒ နဲ့   ဘ၀  ကို  ငေးကြည့် မိတဲ့   အခိုက်
ကောင်ကင်းညှို့ ရင်  ငို ချင်မိတယ်..။


ရှင်သန်  ရပ်တည်မှု့  နဲ့ 
ရေမြေဝေး ကမ်း နှစ်ဖက်ရဲ့ 
ကြယ်တွေ  ကြွေတာ မြင်မိတိုင်း
ကျမ  တို့  အတူဆုံဖို့  ကို
အမြဲဆုတောင်း  မိတယ် .။




ညအက္ခရာ

Monday, 9 September 2013

TanaMe PRO v1.2.19 Apk 14MB...

အလွမ်းမင်းသားလေး | 08:36 | Best Blogger Tips


အင်တာနက်အသုံးပြုပြီးတော့ Viber လိုစကားပြော မက်ဆေ့ ပို့တဲ့ ဆောစ့်ဝဲလ်လေးပါဘဲ
သူရဲ့ အားသာချက်ကတော့ ကုတ်မတောင်းပါဘူး 
ဒီအတိုင်း အကောင့်ဖွင့်တဲ့အခါ နာမည်တွေ နေရပ်တွေ Gmail လိပ်စာတွေ ဖုန်းနံပတ်ဖြည့်လိုက်ယုံပါဘဲ
ဘာကုတ်မှမလိုပါဘူး ဗီဒီယိုတွေ ဓာတ်ပုံတွေ တစ်ဖက်နဲ့တစ်ဖက် တော်ကီပွားဖို့ မက်ဆေ့ပို့ကတော့ 
နှစ်ဖက်စလုံးမှာ TanaMe ဆောစ်ဝဲလ်လေးရှိရပါမယ် 

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ