အောင်ရဲလင်းက
ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးတဲ့ “အချစ် Error ” ဇာတ်ကား ကို
ဝတ်မှုံရွှေရည်နဲ့ သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်ကားထဲမှာ ကောင်မလေးကို
လှည့်စားသူ တစ်ယောက် အဖြစ် သရုပ်ဆောင်ထားပြီး ဇာတ်လမ်း အမြူး ပုံစံလေးနဲ့
နောက်ဆုံးမှာတော့ ဒရာမာချိုးထားကြောင်း အောင်ရဲလင်း က ပြောပါတယ်
။အောင်ရဲလင်းရဲ့သရုပ်ဆောင်ဟန်၊ စကားပြောဆိုဟန် တချို့က ရာဇာနေဝင်းနဲ့
တူတယ်လို့ ပရိသတ် တချို့က ဝေဖန် အကဲခတ်ကြပါတယ်။ အဲဒီလို ဝေဖန်မှု အပေါ်
အောင်ရဲလင်း ကိုမေးတော့ “ကိုယ့်အိုက်တင်နဲ့ ကိုယ်သရုပ်ဆောင်တာပါပဲ။ တစ်ချက်
တစ်ချက်တော့ တူသွားတာ ဖြစ်မှာပေါ့။ ကျွန်တော် မင်းသား အားလုံးကို
ကြိုက်ပါတယ်။ ကိုသားကြီး(ဒွေး) ကိုလည်း ကြိုက်တယ်။ အကုန်လုံးကို ကြိုက်တယ်။
တစ်ယောက်တည်း ချွန်ထွက်ပြီး ကြိုက်တာမျိုး မရှိပါဘူး။ မင်းမော်ကွန်း လည်း
ကြိုက်တယ်။ ကိုရာဇာကိုလည်း ကြိုက်ပါတယ်။ အိုက်တင်နဲ့ ပတ်သက်ပြီး
ထွေထွေထူးထူးတော့ သိပ်မလုပ်ပါဘူး။ အဓိကကတော့ ဇာတ်ရုပ် တစ်ခုကို
မုဒ်သွင်းပြီး ဇာတ်ညွှန်းပေါ်မှာ မူတည် ပြီးတော့ အိုက်တင် ကွဲသွားတယ်။
ပုံစံလည်း ကွဲသွားတယ်။ အဲဒီလို ပုံစံ ပဲ လုပ်တာ များပါတယ်” လို့ ပြောပြီး
သူလုပ်တဲ့ အိုက်တင်ပေါ်မှာ အကောင်းဆုံး ဖြစ်အောင်ပဲ ကြိုးစားသွားမှာ
ဖြစ်ကြောင်း အောင်ရဲလင်းက ပြောပါတယ်။ သရုပ်ဆောင် တစ်ယောက် အတွက် အိုက်တင်က
အရေးကြီးတဲ့ အတွက် အိုက်တင်ပိုင်း ကိုကော ဘယ်လိုလေ့ကျင့်တာမျိုးတွေလဲ
ရှိလို့မေးတော့ “ကျွန်တော် ကိုရီးယားဇာတ်ကားတွေ များများကြည့်တယ်။
ရုပ်ရှင်တွေ များများ ကြည့်ပြီးတော့ အိုက်တင် လုပ်ဖြစ်တာ များပါတယ်။
အမြဲတမ်း လေ့လာနေရမယ် ဆိုတဲ့ စိတ်တော့ ရှိတယ်။
Friday, 16 November 2012
ရာဇာနေဝင်း အိုက်တင်နဲ့ တူခြင်း အပေါ် အောင်ရဲလင်းရဲ့ ဖွင့်ဟချက်...
အလွမ်းမင်းသားလေး | 06:07 |
အနုပညာသတင်း
တွေးတွေးပြီးရယ်..၆....
အလွမ်းမင်းသားလေး | 05:55 |
ဟာသ
(၁)
"ဟလို.. FBI ကလားခင်ဗျား"
"ဟုတ်ကဲ့.. အမိန့်ရှိပါ"
"တွမ်တစ်ယောက် ထင်းထဲမှာ ဆေးခြောက်တွေ ဖွက်ထားကြောင်း သတင်းပေးချင်လို့ပါ"
"လိပ်စာပေးခဲ့ပါ။ ကျွန်တော်တို့ သွားရောက်စစ်ဆေးပါမယ်"
နောက်တစ်နေ့မှာ တွမ်တို့အိမ်ကို စစ်ဆေးရေးသမားတွေ သွားရောက်ခဲ့တယ်။ ထင်းထားတဲ့နေရာကို စစ်ဆေးပြီး ထင်းတွေအားလုံး ခွဲစစ်ခဲ့ပေမယ့် ဆေးခြောက်တွေ မတွေ့ခဲ့ဘူး။ တွမ်ကို ပြောဆိုဆုံးမပြီး စစ်ဆေးရေးသမားတွေ ထွက်ခွာသွားခဲ့ကြတယ်။
တအောင့်နေတော့ တွမ်ရဲ့ တယ်လီဖုန်းမြည်လာခဲ့တယ်။
"ဟေး... တွမ်.. FBI ကလူတွေ မင်းထင်းတွေ ခွဲပစ်လိုက်ပြီလား"
Thursday, 15 November 2012
ချစ်သူမသိတဲ့ဆန္ဒတစ်ခု...
အလွမ်းမင်းသားလေး | 07:35 |
ကဗျာ
ဝေးကွာခြင်းတွေကိုအရမ်းမုန်းတယ်
လွမ်းရမှာကြောက်လို့ပါ
ချစ်သူ...
မတွေ့မမြင်ရပေမယ့်
ငါ့အတွေးငါ့အာရုံ
ငါ့မြင်ကွင်းတွေထဲမှာ
မင်းရဲ့ပုံရိပ်တွေအမြဲတမ်းရှိနေပါတယ်။
ချစ်သူရေ..
ဆုံဆည်းခြင်းရဲ့နောက်မှာ
ဝေးကွာခြင်းတွေဒွန်တွဲနေတယ်
အဲဒါကိုငါသိပါတယ်
ပြန်မဆုံနိုင်တော့ဘူးလားဆိုတာကို
ရေရေရာရာမသိပေမယ့်
ငါ့စိတ်ကိုက
ပိုးဖလန်လိုမျိုးမီးလျှံကိုတိုး
ပြန်ဆုံမဲ့ရက်ကိုမျှော်လင့်နေမိတဲ့
ငါ့နှလုံးသားထဲကို
မင်းတစ်ယောက်တည်းသာ
ဝင်ခွင့်ပြုမှာပါ။
မင်းသာရောက်လာမယ်ဆို
ငါ့နှလုံးသားတံခါးလေးကို
အသာလေးခေါက်လိုက်ပါ
ငါ့ရင်ကိုလှုပ်ခတ်စေမယ့်
မင်းရဲ့အချစ်ကိုအမြဲတမ်းစောင့်မျှော်နေသူမို့
ငါ့ရင်ဘက်နှလုံးသားထဲက
မပျက်သုဉ်းတဲ့ရင်ခုန်သံ
မဆုံးနိုင်တော့တဲ့သံယောဇဉ်တွေကို
မင်းရဲ့ရင်ခွင်ကျယ်
နှလုံးသားလွင်ပြင်ထက်မှာ
ငါ့ရဲ့အသည်းနှလုံးတစ်ခုလုံးကိုရင်းနှီးမြုပ်နှံပါရစေ။
မြတ်နိုးသူ
ငလျင်စိန်ခေါ်သံကြား မျက်ခုံး လှုပ်နေရသည့် ရန်ကုန်...
အလွမ်းမင်းသားလေး | 06:41 |
သတင်း
ယခုထက် ပိုပြင်းသော ငလျင် မျိုး လှုပ်နိုင်သည်ဟု ရွှေဘိုငလျင် လှုပ်ပြီး နောက်တစ်နေ့တွင် ငလျင် ပညာရှင် ဦးစိုးသူရထွန်းက ပြော သည်။
ရွှေဘိုငလျင်က ငလျင်ကြောပေါ် ဖင်ခုထိုင်ထားသော မြန်မာနိုင်ငံဟု သက်သေပြခဲ့ပြီ။ ရွှေဘို ငလျင်သည် စစ်ကိုင်းပြတ်ရွေ့၏ အစိတ်အပိုင်း တစ်ခု။ စစ်ကိုင်းပြတ်ရွေ့ ဆို သည်မှာ ဟိမဝန္တာတောင်တန်းမှ တစ်ဆင့် မြန်မာနိုင်ငံ မြောက်ပိုင်းမှ ဧရာဝတီမြစ်နှင့် အပြိုင် ဆူမားတြား ငလျင်ကြောအထိ ဆက်စပ်သည်။
”စစ်ကိုင်းပြတ်ရွေ့ပေါ်မှာ ရှိ တဲ့ ငလျင် မလှုပ်သေးတဲ့နေရာ တွေ အတွက် စိုးရိမ်ရတယ်” ဟု ဦးစိုးသူရထွန်းက ပြောသည်။
၁၉၃ဝ ခုနှစ်တွင် ပဲခူးငလျင် လှုပ်ခဲ့စဉ်က ပဲခူးတွင် လူ ၅ဝဝ ခန့် သေဆုံးပြီး ရန်ကုန်တွင် လူ ၅ဝ သေဆုံးခဲ့သည်။ ၁၉၃ဝ နောက်ပိုင်း ပဲခူးငလျင် ထပ်မလှုပ်တော့ သည် မှာ ယနေ့ထိ နှစ် ၈ဝ ရှိပြီမို့ လှုပ်မည်ဆို ပြန်လှုပ်နိုင်မည့် အနေအထားဟု သိရသည်။
ရွှေဘိုငလျင်က ငလျင်ကြောပေါ် ဖင်ခုထိုင်ထားသော မြန်မာနိုင်ငံဟု သက်သေပြခဲ့ပြီ။ ရွှေဘို ငလျင်သည် စစ်ကိုင်းပြတ်ရွေ့၏ အစိတ်အပိုင်း တစ်ခု။ စစ်ကိုင်းပြတ်ရွေ့ ဆို သည်မှာ ဟိမဝန္တာတောင်တန်းမှ တစ်ဆင့် မြန်မာနိုင်ငံ မြောက်ပိုင်းမှ ဧရာဝတီမြစ်နှင့် အပြိုင် ဆူမားတြား ငလျင်ကြောအထိ ဆက်စပ်သည်။
”စစ်ကိုင်းပြတ်ရွေ့ပေါ်မှာ ရှိ တဲ့ ငလျင် မလှုပ်သေးတဲ့နေရာ တွေ အတွက် စိုးရိမ်ရတယ်” ဟု ဦးစိုးသူရထွန်းက ပြောသည်။
၁၉၃ဝ ခုနှစ်တွင် ပဲခူးငလျင် လှုပ်ခဲ့စဉ်က ပဲခူးတွင် လူ ၅ဝဝ ခန့် သေဆုံးပြီး ရန်ကုန်တွင် လူ ၅ဝ သေဆုံးခဲ့သည်။ ၁၉၃ဝ နောက်ပိုင်း ပဲခူးငလျင် ထပ်မလှုပ်တော့ သည် မှာ ယနေ့ထိ နှစ် ၈ဝ ရှိပြီမို့ လှုပ်မည်ဆို ပြန်လှုပ်နိုင်မည့် အနေအထားဟု သိရသည်။
မြန်မာနိုင်ငံဗဟိုဘဏ် ယခုနှစ်ပိုင်းမကုန်မီ လွတ်လပ်သော အဖွဲ့အစည်း ဖြစ်လာမည် ...
အလွမ်းမင်းသားလေး | 06:31 |
သတင်း
ဗဟိုဘဏ်သည် ၂၀၁၃ ခုနှစ်မတိုင်မီ လွတ်လပ်သော ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ခု
အဖြစ်သို့ ရောက်ရှိ လာမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှ တာဝန် ရှိသူက ပြောသည်။
လက်ရှိအခြေအနေအတွင် ဗဟိုဘဏ် ဥပဒေကို အောက်တိုဘာလမှ နိုဝင်ဘာလအတွင်း ပြည်
ထောင်စုလွှတ်တော် တွင် တင်သွင်းထားရာ များမကြာမီ ယင်း ဥပဒေထွက်ရှိလာပြီးနောက်
ဗဟိုဘဏ်သည် သမ္မတရုံးအောက်သို့ ရောက်ရှိ လာနိုင်ကြောင်း အဆိုပါတာ ၀န်ရှိသူက ပြော
သည်။
Subscribe to:
Posts (Atom)