အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Saturday, 2 March 2013

Android Phone Root လုပ်ချင်သူများအတွက် Root လုပ်နည်း အမျိုးမျိုး ....

အလွမ်းမင်းသားလေး | 19:18 | Best Blogger Tips




Android ဖုန်းနဲ့ ပတ်သက်ပီး အခြေခံကျကျ ရေးပြထားတဲ့ စာအုပ်ကောင်းလေးပါ

ရေးသားပေးပို့ ဖြန့် ဝေစေတဲ့ သူငယ်ချင်းကို ကျေးဇူးတင်ပါတယ် ..................။




ခုံတန်းလေးသို့ အမှာစကား ...

အလွမ်းမင်းသားလေး | 07:18 | Best Blogger Tips



မြင်နေရတဲ့ မြက်ခင်းတွေဟာ
အရင်လို မစိမ်းမြတော့ဘူး
တွေ့နေရတဲ့ ကန်ရေတွေဟာ
အရင်လို မကြည်လင်တော့ဘူး
တိုက်ခတ်တဲ့ လေညင်းတွေဟာ
အရင်လို မအေးမြတော့ဘူး။


သူ မပါတဲ့ မြင်ကွင်းတွေဟာ
ကြည့်လေသမျှ အကျည်းတန်တယ်
သူ မရှိတဲ့ ညနေခင်းတိုင်းဟာ
ပူလောင်လွန်းလှတယ်
တစ်နေ့ပြန်လာမယ်ဆိုစကားနဲ့
ချုပ်နှောင်ထားတဲ့ သူ့စကားသံက
ကျွန်တော့်ကို ခေါင်းငိုက်စိုက်ချ
အလွမ်းတွေနဲ့ နေသားတကျဘဝကိုပေးတယ်
ဒီနေ့လည်း သူမလာပြန်ဘူးထင်ပါရဲ့။

အချိန်တန် အိမ်ပြန်ရတော့မယ်
ဒီအတွေးက နှိပ်စက်
နှုတ်မဆက်ချင်တဲ့လက်က ခုံတန်းကလေးကို လက်ပြတယ်
ကျွန်တော် ပြန်လိုက်ဦးမယ်..သူ့ကို ဆက်စောင့်ပေးပါ။
 
 
 
ရည်ဝေ(ကမ္ဘာငယ်လေး)

မင်း မသိဘူး ...

အလွမ်းမင်းသားလေး | 07:08 | Best Blogger Tips


မင်း အိင်္ကျီ အိပ်ကပ်လေးထဲမှာ
ငါ့ နှလုံးသားလေး တွဲလွဲခိုသွားတယ်
မင်း မသိခဲ့ဘူး
သစ်ရွက်ကြွေသံတွေကြားမှာ
မင်းမျက်နှာလေးကို ငေးကြည့်ခဲ့မိပေါ့
ဒါကိုလည်း မင်းမသိခဲ့ဘူး

 လေပြေညင်းလေးတွေ ဆော့ကစားခံလိုက်ရတဲ့
မင်းဆံနွယ်တွေကြား
ငါ့အပြုံးလေး တွဲခိုသွားတာလည်း
မင်း မသိခဲ့ဘူး
တကယ်ဆို
မသိခြင်းများတဲ့ သူအပေါ်
တွယ်တာမှုများနေမိတာကိုယ်က
ဝဋ်ကြွေးထင်ပါရဲ့
ဟော...
မင်း ရဲ့ အပြုံးဟာ
ငါ့အတွက် ဂီတ ဖြစ်နေပြန်ပြီ
ဒါကိုလည်း..
မင်း မသိပါဘူးလေ
 
 
ရည်ဝေ(ကမ္ဘာငယ်လေး)

ရင်ဘတ်ထဲက " နင် "...

အလွမ်းမင်းသားလေး | 06:58 | Best Blogger Tips





 ချစ်သူရေ.........
 နင့်   ကို ငါ
 မြတ်နိုး စွာ  နဲ့  ချစ်ခဲ့တယ်နော်

ချစ်သူရေ........
အချိန်တွေ
စက္ကန့် တွေ နဲ့ 
နင်   ဆိုတဲ့   ချစ်သူ
ဒီရင်ဘတ်ထဲ
အမြဲရှိနေတယ် နော်

ချစ်သူရေ.......
စိတ်ဆိုး စိတ်ကောက်နေတိုင်
နင့်  အပေါ်  ဆိုးနွဲ့  ချင်လို့ 
မဟုတ်ဘူးနော်
အချစ်တွေ  ပိုပို လာလို့ 

ချစ်သူရေ..........
ကိုယ်ပိုင် အချိန် ရှိတိုင်း
နင့်  ဘေးနား  အမြဲရှိနေချင်တာ
ချစ်လို့ ပါ

ချစ်သူရေ...........
ဘယ်သူတွေ  ဘယ်လို ထင်ထင်
နင့်  ကိုမှ    ရူးမိုက်စွာ  ချစ်မိတဲ့    ငါ
သူရူး တစ်ယောက်လို့  ဆိုခဲ့ရင်
ဟုတ်တယ်  ငါ  ရူးနေတာ
နင့်   ကြောင့်....

ချစ်သူရေ............
မျှော်လင့်ချက်နဲ့   လျှောက်နေတဲ့  လမ်းထဲမှာ
နင်  နဲ့    ငါ
တွဲလက်တွေ   မြဲနေစေနော်
စိတ်ကောက်တတ်တဲ့ 
ငါ  အကျင့်
အလိုက်သိမှု့  နဲ့ 
နင့်     အချစ်
ရင်ဘတ်ကြီး  အပြည့်နဲ့ 
စူးနင့် အောင် ချစ်ခဲ့မိတာ

ချစ်သူရေ...........
နားလည်   မှု့ တွေ
တည်မြဲစေဖို့ 
ထာဝရ  ပွင့်လင်း စွာ
ရိုးသားနေမယ်
ချစ်သူရယ်......... 


                                   
ညအက္ခရာ(((((((((((

Photoshop မရှိတဲ့ Internet Cafe မှာ Photoshop သုံးရအောင်လား ? ...

အလွမ်းမင်းသားလေး | 04:40 | Best Blogger Tips




ဒီကောင်လေးကတော့ အရေးပေါ်လေးအနေနဲ့လည်း အဆင်ပြေတယ်ခင်ဗျာ .. photoshop ဆော့ဝဲလ်ကို ကိုယ်ထိုင်တဲ့ဆိုင်မှာ မတင်ထားဘူး .. ကိုယ့်သူငယ်ချင်းကလည်း photoshop နဲ့ ပတ်သတ်လို့ အကူအညီလိုရင် ဒါလေးက ကူညီပေးနိုင်မှာပါ .. photoshop  မှာပါတဲ့ feature တော်တော်များများပါပြီး .. Photoshop လိုမျိုးပဲ ပုံစံမို့လို့ .. သုံးရတာ အလွန်အဆင်ပြေပါတယ် ..  အောက်မှာ ပြထားတဲ့ website ဖြစ်ပါတယ်ခင်ဗျ .. အသင့်သုံး effect တွေလည်း ထည့်လို့ရပါသေးတယ် ..

http://pixlr.com/editor/       ( photo ကို မိမိစိတ်ကြိုက်ပြင်ရန် )
http://pixlr.com/o-matic/ ( အသင့်သုံး effect ထည့်ရန် )

REF:http://kyawoomaung.blogspot.com/2012/03/photoshop-internet-cafe-photoshop.html

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ