အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Thursday, 4 July 2013

ရေခြားမြေခြား...

အလွမ်းမင်းသားလေး | 05:44 | Best Blogger Tips


တပ်မက်စိတ်ကြောင့် ပူလောင်ရတယ်အစား
အချစ်ကြောင့် လွမ်းဆွေးရတယ် ဆိုတော့
စကားလုံး ပိုလှသွားတယ် ။

သူ့အိပ်ရာထဲ သူအိပ်နေတဲ့ မိန်းကလေးကို
အဝေးကြီးကနေ မနက်စောစော လှမ်းနှိုးရတာ
ပျော်စရာကောင်းတဲ့ ကစားနည်းပေါ့
မြည်တွန်သံလေးက တစ်နေ့တာ ခွန်အားဖြစ်တယ် ။

အသက်ကလေးရလာတော့
လူကြားသူကြား ထင်ထင်ပေါ်ပေါ် မလွမ်းရဲလို့
ကြိုကြားကြိုကြား
သိုသိုဝှက်ဝှက်ကလေး လွမ်းရတာ
အလွမ်းကို ခွက်ပုန်းခုတ်နေရသလိုပဲ ။




လင်းဒီပ






မိုးတိမ်လေးနဲ့ ဝေး...

အလွမ်းမင်းသားလေး | 05:23 | Best Blogger Tips


အကြင်နာတွေပေးတိုင်း အကြင်နာတွေ ပြန်ရကြေးလို့
ကြမ်းခင်းဈေးလည်း ရေးမထားမိ
ဝေးလိုက်တာ မိမိုးတိမ်ရယ်။
ချစ်တယ်ဆိုတာကို ဖွင့်ပြောဖို့
ပါးစပ်တစ်ပေါက်မကလိုခဲ့လို့
(နေရာတကာ သိမ်ငယ်စွာနဲ့ …ငါ)
ဖွင့်ထားတဲ့ သော့ခလောက်ကိုမှ
တံခါးမခေါက်ဘဲ မင်းဝင်ခဲ့တယ်။
အဲဒီတုန်းကတော့ အချစ်ချင်းတူရင်တောင်
မင်းနှုတ်ခမ်းလေးက ပိုစူခဲ့ဖူး
ယုံပါမောင်ရယ် အချစ်ဦးပါ
ရူးချင်လည်း ရူးပါစေတော့
ကျွန်မအချစ်တွေ မလျော့တော့ဘူး ဆို။
ဝေးလိုက်တာ မိမိုးတိမ်ရယ်
ရွှေတိဂုံမှာ ထားခဲ့တဲ့သစာစကားတွေ
ကန်တော်ကြီးထဲက အနမ်းလေးတွေ
အင်းလျားညနေစောင်းက မင်းမျက်စောင်းလေးတွေနဲ့
မိုးမမြင်လေမမြင် အိပ်မက်ယာဉ်လေး
တစ်စကန့်မိုင်တစ်သိန်း မောင်းနှင်နေတဲ့အချစ်စိတ်ကို
ဘရိတ်အုပ်ပစ်တာ ဘယ်သူလဲ။
အချစ်သက်သက်အိမ်ကလေးထဲမှာ
ခဏလေးပဲ သာယာနိုင်လို့
ဘ၀တစ်ဆစ်ချိုးကွေ့ မှာ အချစ်တွေ ကို မေ့တဲ့
မင်းကိုယ်တိုင်လား စဉ်းစားပါဦး။
……ချစ်ခဲ့ပါတယ်မောင်(ဒါပေမယ့်)
အချစ်တမည်တည်းနဲ့ မေတာကျမ်းတစ်စောင်ဖွဲ့ ချင်မိသူဟာ
ပညာရှိမဟုတ်ပါဘူး
မျှော်လင့်ရင်ခုန် အချစ်ကိုယုံပြီး
ဆူးပုံထဲလည်း မတိုးရဲလို့
(ကျွန်မတို့) လမ်းခွဲလိုက်ရအောင် . . .။
ဝေးလိုက်တာ မိမိုးတိမ်ရယ်
ညာပြီးတော့ မချစ်ခဲ့ပါဘူး
ချစ်ပြီးမှလည်း ညာ မသွားပါဘူး
ရင်တံခါးလည်း ဖွင့်ထားမြဲနဲ့
မင်းပြန်လာမလား မေးခွန်းရှိပြီး
အဖြေမရှိတဲ့ညတွေမှာ
ကောင်းကင်ကြီးကို မော့ကြည့်တော့လည်း
အလွမ်းတွေ သည်း ……လို့
လွမ်း…..မြဲပါကွယ် ။ ။








ဥတရာ(ရေဆုံး)


လမ်းခွဲ...

အလွမ်းမင်းသားလေး | 05:11 | Best Blogger Tips






နှုတ်ဆက်ကြရအောင် အချစ်ရယ်
တို့ရဲ့ အတွေးအခေါ်က လင်းညိုခဲ့ပြီမို့လား
ကျောခိုင်းသွားကြရတယ်ဆိုပေမယ့်
တကယ်တော့ တစ်လမ်းတည်းပါပဲ
(အဲဒါကြောင့် ပိုဝေးတယ်လို့တောင် ထင်ကြရရဲ့)
ကိုယ့်ကို သတိရရင် ကဗျာလေးတွေ ရေးပါ
စိတ်အလျင်နဲ့ရေးထားတဲ့ ကဗျာလေးတွေက
မင်းကို စုန်းမီးတောက်ပြပါလိမ့်မယ်
ခုတော့ ကိုယ်တစ်ယောက်တည်း
အေးလေ… မင်းလည်း တစ်ယောက်တည်းပါပဲ
ကဲ… ခွဲကြစို့
နှုတ်ဆက်ခဲ့ပါတယ် အချစ်ရယ်…။





တာရာမင်းဝေ

Wednesday, 3 July 2013

ဖုန်းနံပါတ်ဖြောင့်၍ ဖုန်းခေါ်နည်း (for andriod phone)...

အလွမ်းမင်းသားလေး | 06:48 | Best Blogger Tips




ဖုန်းနဲ့ ပါတ် ဖြောင့်၍ ဖုန်းခေါ်နည်းလေးပါ...။အသုံးလိုတဲ့သူသုံး နိုင်အောင်လို့ တင်ပေးလိုက်ပါတယ်..။ personal call, secret call အစရှိတဲ့ ခေါ်ဆိုမှုတွေမှာ ကို့ဖုန်းနဲပါတ်ကို မသိစေချင်ပဲ ဖြောင့်ထားလို့ရပါ တယ်..။
ဘယ်လိုလုပ်မလဲ ဆိုရင်တော့ ကဲစလိုက်ရအောင်.....
  • ပထမဦးဆုံး အောက်မှာပေး ထားတဲ့ ဆောဝဲနှစ်ခု ကိုဒေါင်းလိုက်ရအောင်...။



Conferendo-VZO Free Video Chat (for andriod phone)...

အလွမ်းမင်းသားလေး | 06:29 | Best Blogger Tips





ဒီဆောဝဲလေးကတော့ andriod ဖုန်းတွေအတွက် VZO သုံးနိုင်တဲံဆောဝဲလေးဖြစ်ပါတယ်...။VZO  အကောင့်ကိုပဲ sign in ၀င်လို့ရပါတယ်...။အရင်က ၀က်ဆိုက်တွေမှာတွေ့ပြီး ဖုန်းထဲထည့်ပြီး install လုပ်တာ မရလို့စိတ်ညစ်ခဲ့ရဖူးပါတယ်....။အခု ဒီဆောဝဲလေးက version 2.3.6 ဆိုရင် အားလုံးအသုံးပြု လို့ရပါတယ်...။ဥပမာ sumsang galaxy y,ace,ace plus,w အစရှိတဲ့ မော်ဒယ်နိမ့် ဖုန်းတွေမှာ တောင်အသုံးပြုလို့ ရပါတယ်...။ဒါကြောင့် မြန်မာလူမျိုး အသုံးများကြတော့ VZO ဆောဝဲလေး ကို ဖုန်းအတွက် တင်ပေးလိုက်ပါတယ်...။
 
 

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ