မေး : “ အစ်ကိုရေ
တစ်ခုလောက်ကူညီပါဦး။ ကျွန်တော့်ကို Task Manager ဖျောက်နည်းလေး အလွယ်ဆုံး
ပြောပါဦး............ ကျေးဇူးတင်ပါတယ်။ ”
ဖြေ : ဒါလေးကို Mail ထဲမှာ မေးထားတာပါ။ ကျွန်တော်အခု မေးထားတာလေးကို ဦးစားပေးပြီး ဖြေသွားမှာပါ။
အခုဟာက Task Manager အပြင်အခြား အထဲမှာပါတဲ့အချက်အလက်ကိုပါ ဖျောက်ပေးနိုင်ပါတယ်။ နောက်ပြီး သူက မြန်မာ Version လေးပါ။ မြန်မာလို ဆိုတော့ အသုံးပြုရတာလည်း လွယ်ကူပါတယ်။ ဆိုဒ်ကလည်း သေးသေးလေးနဲ့ တော်တော်ကောင်းပါတယ်။ Task Manager အပြင် ကျွန်တော်အောက်မှာ ပြထားတဲ့ အချက်အလက်တွေကိုပါ ဖျောက်ပေးနိုင်ပါတယ်။
Add or Remove Programs
Control Panel
Desktop
Find
Foloder Option
My Computer
Log Off Button
Recycle Bin
Registry Edtor
RUN Item
RUN Box History
Shut down Button
Task Manager
Taskbar Properties
Windows Hotkeys
တွေအပြင် အထဲမှာပါတဲ့ဟာတွေအားလုံးဖျောက်လို့ရပါတယ်။ ကျွန်တော် အပြည့်အစုံ
မဖော်ပြတော့ပါဘူး။ နောက်ပြီး ကျွန်တော့်စက်မှာ မြန်မာလို ရိုက်နေရတာ
အခက်အခဲရှိတဲ့အတွက် ဒီလောက်ပဲ ရေးပါတော့မယ်။ သိပ်မစမ်းတာ အကောင်းဆုံးပါ။ Registry ဆိုတာ သွားမလုပ်မိတာ အကောင်းဆုံးပါ။ ဖျောက်ချင်ရင် ဥပမာ- My Computer, Recycle Bin, Task Manager, Taskbar Properties, RUN Box History
အဲဒါတွေကိုတော့ ကျွန်တော် စမ်းပြီးသွားပါပြီ။ အခြားဟာတွေကိုတော့
စမ်းချင်ရင် စမ်းပါ။ ကျွန်တော်တော့ သိပ်အာမမခံနိုင်ပါဘူး။ လိုချင်သူများ
အောက်မှာ အဆင်ပြေတဲ့နေရာကနေ Download ချသွားလိုက်ပါ။
Download Here
Download Here
အားလုံးအဆင်ပြေကြပါစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ ......
အောင်ခိုင်မိုး
No comments:
Post a Comment