အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Monday, 4 March 2013

ကိုယ်ဖျောက်ချင်တာဖျောက်မယ်၊ဖော်မယ်။...

အလွမ်းမင်းသားလေး | 05:19 | Best Blogger Tips


မေး : “ အစ်ကိုရေ တစ်ခုလောက်ကူညီပါဦး။ ကျွန်တော့်ကို Task Manager  ဖျောက်နည်းလေး အလွယ်ဆုံး ပြောပါဦး............ ကျေးဇူးတင်ပါတယ်။ ” 
ဖြေ : ဒါလေးကို Mail ထဲမှာ မေးထားတာပါ။ ကျွန်တော်အခု မေးထားတာလေးကို ဦးစားပေးပြီး ဖြေသွားမှာပါ။ 
အခုဟာက Task Manager အပြင်အခြား အထဲမှာပါတဲ့အချက်အလက်ကိုပါ ဖျောက်ပေးနိုင်ပါတယ်။ နောက်ပြီး သူက မြန်မာ Version လေးပါ။ မြန်မာလို ဆိုတော့ အသုံးပြုရတာလည်း လွယ်ကူပါတယ်။ ဆိုဒ်ကလည်း သေးသေးလေးနဲ့ တော်တော်ကောင်းပါတယ်။ Task Manager အပြင် ကျွန်တော်အောက်မှာ ပြထားတဲ့ အချက်အလက်တွေကိုပါ ဖျောက်ပေးနိုင်ပါတယ်။ 
 

" ဒီဇင်ဘာ "...

အလွမ်းမင်းသားလေး | 05:15 | Best Blogger Tips
















အလင်းဝေရင် နေခပေမယ့်
ဆောင်းခိုချင်တဲ့ထီးကလေးခြွေရင်
ဘယ်သူ့ ရင်ခွင်ပေါ် " ကြွေ " မလဲ . . . . .

ဒီဆံချည်မျှင်မှာ
ဆီးနှင်းစက်လေးတွေ ဝေ့၀ဲဖူးပွင့်လိုက်တော့မှ
ဒီဇင်ဘာကိုကျေးဇူးတင်မိတယ် . . . . .

တခါတလေတွေးကြည့်မိတယ်
ဆောင်းမှာနှင်းခေါင်သလို
တခါတရံတော့
ဒီဇင်ဘာကိုကြေးစားဆန်ကြည့်ချင်တယ် . . . . .

အပူငွေ့ ကြောင့် အရည်ပျော်သွားမှာ
မစိုးရိမ်မိဘူး . . . . .

မိုးတိမ်မှာမြူခိုးဖွဲ့ သီပြီး
နှင်းမုန်တိုင်းအဖြစ်သက်ရောက်တဲ့အခါ
ငါ့ကြောင့် မင်းနှလုံးသားလေးအေးခဲသွားမှာဘဲစိုးတယ် . . . . .



မိုးစက်အိမ်

ပြီးဆုံးသွားသော ...

အလွမ်းမင်းသားလေး | 05:11 | Best Blogger Tips



မျက်လွှာ နှစ်ခု အပွင့်မှာ အိပ်ယာဝင်
မျက်လွှာ နှစ်ခု အပွင့်မှာပဲ အိပ်ယာထ
နံနက်ခင်းတိုင်းက ခြောက်သွေ့မှုနဲ့ ဖွင့်
ဒီလိုနဲ့ ကျွန်တော်ဟာ နေ့ နဲ့ နေ့ မှားသွားတယ် ...။

တရိပ်ရိပ် မူးဝေလာတဲ့ အာရုံမှာ
သတိရမိတာက သူ့မျက်နှာ
ကိုယ့်နဖူးကို ပြန်စမ်းတော့
တစ်ရာ့ တစ်ဆယ့်နှစ် ဒီဂရီက
ရိုးသားစွာ လက်မထောင်တယ် ...။

ကိုက်ခဲနေတဲ့ ထုံကျင်မှုကို ဂရုမစိုက်ပါဘူး
ကြည့်နေကြ အယ်လ်ဘမ်လေးမှာ
စကားတွေပြောဖြစ်တယ်
သတိရတယ် ... ချစ်သူ ...။

စိတ်တွေက လွတ်လပ်စွာ ဖောက်ထွက်ကြ
ခန္ဓာကိုယ်ရဲ့ အတိမ်အနက်မှာ ပျော်ဝင်ကြ
ဒီလိုနဲ့ ချစ်သူကို တစိမ့်စိမ့် ထိုင်ကြည့်မိတယ် ...။

နှာခေါင်းဝက သွေးညှီနံ့ သဲ့သဲ့ရတယ်
ဆည်းလည်းသံ သဲ့သဲ့လည်း ကြားတယ်
ခေါ်သံတွေလည်း ပဲ့တင်ထပ်လို့ ...
....................................................
 အိပ်မက်တွေ ဖရိုဖရဲနဲ့
ကျွန်တော် အခု အပြင်းဖျားနေတယ် ...။


(ညလင်းအိမ်)

လိပ်လိုနှေးတဲ့ Internet စနစ်ကနေ ဒုံးပျံလိုမြန်တဲ့ Internet ဖြစ်အောင် Software မလိုဘဲ လုပ်ရအောင် ...

အလွမ်းမင်းသားလေး | 03:51 | Best Blogger Tips



လိပ်လိုနှေးတဲ့ Internet စနစ်ကနေ ဒုံးပျံလိုမြန်တဲ့ Internet ဖြစ်အောင်ဆိုတဲ့ ခေါင်းစဉ်နဲ့အရင်က ပို့စ် တစ်ပုဒ်တင်ပေးခဲ့ဖူးပါတယ်.. ကျွန်တော့်ဘလော့ရဲ့ Popular စာရင်းထဲမှာ ဒုတိယနေရာလိုက်နေဆဲပါပဲ.. အဲဒီပို့စ်မှာတင်ထားတဲ့ App ကိုလည်း ဒေါင်းကြတာ သိပ်ကိုများပါတယ်.. App နာမည်က de.mangelow.network.apk ဖြစ်ပါတယ်.. အခုပြောပြမှာက အဲဒီ App မလိုဘဲ လုပ်နည်းပါ.. သိပြီးသားလူတွေကတော့ မောင်ပေါက်ကို ခပ်ပေါပေါပဲကွာလို့ ထင်ကောင်းထင်နိုင်ပါတယ်.. မသိသေးတဲ့ ကျွန်တော့်ကို လူအတွက်ကတော့ သိပ်တန်ဖိုးရှိမှာပါ...
ဒီလိုပါ.. မိတ်ဆွေရဲ့ ဖုန်းဟာ Android သုံးထားတဲ့ ဖုန်းဆိုရင်ပေါ့..
1. မိတ်ဆွေရဲ့ ဖုန်းဟာ Android သုံးထားတဲ့ ဖုန်းဆိုရင် ဖုန်း Call ဘောက်ထဲမှာ *#*#4636#*#* လို့ ရိုက်ထည့်လိုက်ပါ.. ကုဒ်ကအလုပ်လုပ်ပြီး နာမည် (၄)ခု ကျလာပါမယ်..


Android အစစ်ဖြစ်ကြောင်း ဘယ်လို စမ်းရင်သိနိုင်မလဲ ...

အလွမ်းမင်းသားလေး | 03:44 | Best Blogger Tips



ဒီတစ်ပတ်လည်း Android ဗဟုသုတပေါ့ဗျာ။ သိထားသင့်တယ်ထင်ပါတယ်။ Handsetတွေ ဒီလောက် တံဆိပ်မျိုးစုံ၊ Model မျိုးစုံများပြားလွန်းတဲ့ ခေတ်ကြီးထဲမှာ Android အစစ်ဖြစ်ကြောင်း ဘယ်လိုစမ်းရင်သိနိုင်မလဲဆိုတာ ပြောပြပေးချင်ပါတယ်။ တစ်ချို့JAVA ဖုန်းတွေက Android ဖုန်းတွေလို အသွင်အပြင်တွေ တော်တော်ဆင်ပါတယ်။ ရုတ်တရက် ကြည့်ရင် Androidလို့ ထင်ရနိုင်ပါတယ်။ Touch Screenကို စမ်းကြည့်မယ်ဆိုရင် ကွဲပြားစွာသိရှိနိုင်ပါတယ်။ ခက်တာက Androidကို အသုံးပြုထားတဲ့ တစ်ချို့ Handsets တွေမှာ Android အစစ်ဖြစ်တယ်ဆိုတာကို သိနိုင်ဖို့ခက်ပါတယ်။ တစ်ချို့ Handsetsတွေက များသောအားဖြင့် Clone Handsets တွေမှာတွေ့ရတတ်ပါတယ်။ Androidအစစ်ကဲ့သို့ အသုံးပြုနိုင်တဲ့ Featureတွေ အကုန်ပါဝင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ့ Androidဖုန်းတွေက Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းတွေ မဟုတ်ကြပါဘူး။ Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းနဲ့ Android အစစ်မဟုတ်တဲ့ဖုန်းတွေက ဘာတွေကွဲပြားလဲဆိုရင်တော့ ကွဲလွဲတာတွေသိပ်မရှိပေမဲ့။ Brand အစစ်နဲ့ခွဲခြားလို့မရအောင်တူတဲ့ Clone Handsetsတွေမှာ Android အစစ်မဟုတ်တာတွေကို သုံးထားတာဖြစ်တဲ့အတွက် Brand အစစ်ဆိုပြီး ၀ယ်လိုက်မိသွားမှာ စိုးရိမ်တဲ့ Android User တွေ အတွက်ဒီနည်းလမ်းလေးကို ပြောပြလိုက်ပါတယ်။



ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ