အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Saturday 1 December 2012

လေးဖြူကို အရမ်းကြိုက်တယ် ဆိုတဲ့2008 Melody World တတိယ ဆုရှင် အိုင်ရင်းဇင်မာမြင့် ....

အလွမ်းမင်းသားလေး | 21:16 | Best Blogger Tips


ရောခ့် ဂီတာကို အရမ်း ကြိုက်ပါတယ် ဆိုတဲ့ 2008 Melody World တတိယ ဆုရှင် အိုင်းရင်း ဇင်မာမြင့် အကြောင်းကို ရိုးရာလေး မှ တွေ့ ဆုံမေးမြန်းခဲ့ပါတယ် ။

အိုင်ရင်းဇင်မာမြင့် ဆိုပြီး ဘယ်အချိန်ကတည်းက လူတွေသိခဲ့တာလဲ။


အင်း လူတွေ အိုင်ရင်း ဆိုပြီး စသိခဲ့တာက 2008 မယ်လိုဒီဝေါမှာပါ။ ပြိုင်ပွဲ ဝင်ပြိုင်ခဲ့တာပေါ့ နောက်ပိုင်း အနုပညာလှူပ်ရှားမှူလေးတွေ အနည်းငယ် လုပ်လာပြီး ပရိတ်သတ်တွေ စသိခဲ့တာပါ။
သီချင်းရယ် ဆိုပြီး ဘယ်အချိန်ကတည်းက စပြီး သိတတ်/ ခံစားတတ် / ဆိုတတ်ခဲ့တာလဲ။
ငယ်ငယ်လေး ကတည်းကပါ ။ အိုင်ရင်းတို့ ဘုရားကျောင်းမှာကတည်းက ဘုရားသီချင်းတွေ ဆို ခဲ့တယ် ။ ပြီးတော့ အဖေ ဝယ်လာလာ ပေးခဲ့တဲ့ အခွေ တော်တော်များများ နားထောင်ရင်းနဲ့  သီချင်းဆိုပြီး ဟိုးငယ်ငယ်လေးကတည်း စသိခဲ့တာပါ။
မြူးဇစ်ထဲမှာကော ဘယ်မြူးဇစ် အမျိုးအစားကို ပိုပြီး ဖီလ်းဖြစ်လဲ။



ရော်ခ့်ပါ ။ ငယ်ငယ်ကတည်းက အစ်ကို တွေနဲ့ နေခဲ့ရတာဆိုတော့ လေအစ်ကိုတွေ နားထောင် တဲ့ သီချင်းတွေ ပြီးတော့ ဦးလေးဖြူတို့ ဦးအငဲ တို့ ကို ငယ်ငယ်ကတည်းက နားထောင်ခဲ့ရတာဆိုတော့ ရောခ့်ကို ပိုကြိုက်ပါတယ် ။နားထောင်ပါတယ် ။ အိုင်ရင်းက ရောခ့် ခရေဇီပါ။ ဦးလေးဖြူ သီချင်းတွေ ဦးအငဲ သီချင်းတွေ အကုန် သိတယ် ကိုမျိုးကြီးတို့ သီချင်းတွေဆို ပိုပြီးသိတာပေါ့နော် ဒီဘက်ခေတ်ကို ရောက်လာပြီဆိုတော့လေ ။


ပြည်တွင်းမှာကော ဘယ်အဆိုတော်ကို သဘောအကျဆုံးလဲ ကိုယ့်အနေနဲ့ ပေါ့နော်။

 ဦးလေးဖြူပါ ဦးလေးဖြူကို ဘယ်လောက်တောင် ကြိုက်လဲ ဆိုတော့ သူ့ ကိုအကြိုက်ဆုံးပါဆိုပြီး ဂျာနယ်တစ်ခုမှာ ရေးပြီး မျက်နှာဖုံးမှာတင်လိုက်တယ် ။ပြီးတော့ သူ့ ကိုကိုယ်တိုင်သွားပြတယ် သူ ကလဲ သဘောအရမ်းကျပါတယ်တဲ့ ။ အစ်မ ဒီနှစ် 2012 သင်္ကြန် IC နဲ့ ဆိုခဲ့တာဆိုတော့ သူတို့ နဲ့ သင်္ကြန်လေးရက် စလုံးအတူရှိခဲ့တဲ့ အခါမှာ သူတို့ အရမ်းရိုးသားပြီး တခြားလူတွေပြောသလို မာနကြီးတယ်ဆိုတာ မဟုတ်မှန်းသိခဲ့တယ်။
ပြည်ပ အနုပညာရှင် အဆိုတော်ထဲမှာ ဘယ်သူ့ ကို Inspire အဖြစ်ဆုံးလဲ ။ အလေးစားဆုံးလဲ။

စလင်းဒီယွန်ပါ ။ သူ့ ကို ဟိုးငယ်ငယ်လေးကတည်းက ဖေဖေ ဝယ်လာပေးတဲ့ ခွေတွေ နဲ့ ကြီးပြင်း လာရတာဆိုတော့လေ။ သူ့ ကို အရမ်း ကြိုက်ပါတယ်။ သူအသက်ကြီးလာတဲ့ အထိ အခုထိ အားပေးနေတုန်းပါ။ အစ်မ အရူး သွပ်ဆုံး အဆိုတော်ပါ ။ သူ့ စတိုင်လ်တွေကို ကြိုက်လို့ အမေ့ကို လဲပြောရတယ် သမီးကိုလဲ အဲ့လိုလေးတွေ ဆင်ပေးပေါ့ ( ရယ်လျက် ) ဘယ်လိုကြိုက်ဖြစ်သွား လဲဆိုတော့ အစ်မက အမှတ်ကြီးတယ် ကောင်းတာ ပဲ ဖြစ်ဖြစ် ဆိုးတာပဲ ဖြစ်ဖြစ် လေ။ အဖေက ငယ်ငယ်တုန်းက ပြောတယ် သမီးက စလင်းဒီယွန်နဲ့ အရမ်းတူတယ်လို့ ပြောဘူးလို့ လားမသိဘူး အဲ့ကတည်းက ကြိုက်တော့တာပဲ ( ရယ်လျက် )။

အွန်လိုင်းမှာကော အကောင့်တွေ ဘာတွေရှိလား ပရိသတ်နဲ့ ထိတွေ့ မှူရှိလား ။

အခုထိတော့ မရှိသေးပါဘူး ။ အကောင့်တော့ဖွင့်ထားပြီး မေ့သွားတယ် အခုတစ်လော ယိမ်းလိုက်အခွေ ထွက်တာနဲ့ ပဲ အရမ်း အလုပ်များနေလို့ မလုပ်ဖြစ်သေးဘူး။

MTV တွေနဲ့ အခုတစ်လော သီချင်းလောက မှ ထိုးဖောက်လာတာတွေ့ ရတယ် အဲ့အပေါ်ကော ဘယ်လိုမြင်လဲ ။

ကောင်းပါတယ် အခုခေတ်ကလေ သီချင်းကြီးနားထောင်တယ်ဆိုတာ တကယ့်သီချင်းကြိုက်တဲ့လူတွေ မှ နားထောင် ကြတော့တာများတယ်။ များသော အားဖြင့် အရုပ်ကလေးနဲ့ မှ ဘယ်မင်းသားလေး ဘယ်မင်းသမီးလေး ဆိုပြီး လူတွေကို ခံစားကြတာများတယ်။ အိုင်ရင်းလဲ လုပ်ပါတယ် ကိုယ့်ခွေထဲမှာ ကိုယ်ပဲ သရုပ်ဆောင်တာများတယ် ။ ဘာလို့ လဲ ဆိုတော့ ကိုယ့်သီချင်းကိုယ် အသိဆုံးလို့ ထင်လို့ ပါ မင်းသမီးတွေကို သရုပ်ဆောင်မှူနဲ့ ပတ်သတ်ပြီး သုံးချင်ပေမယ့် သီချင်းကြတော့ ကိုယ်ကခံစားပြီး သရုပ်ဆောင်တာ အားရလို့ ပါ။

လတ်တစ်လော ခွေထွက်ထားတာလေရှိရင် ။


မင်းသားမြင့်မြတ်နဲ့ တစ်ခွေထွက်ထားတယ် ။ ပြီးတော့ အိုင်းရင်း တစ်ကိုယ်တော် ယိမ်းလိုက် ခွေ ထွက်ထားပါတယ်။ အားပေးကြပါဦးလို့ ။

နောက်လဲ မအိုင်ရင်းဇင်မာမြင့်နဲ့ တွေ့ ဆုံပြီး သတင်းလေးတွေ မေးမြန်းဦးမယ်နော်။

ဟုတ်ကဲ့ပါရပါတယ် ကျေးဇူးတင်ပါတယ်ရှင်။
အိုင်ရင်းဇင်မာ မြင့်ကို ဆက်သွယ်ချင်တယ်ဆို ရင်တော့ အိမ်အမှတ် 20/22 ၊ ရှမ်းကုန်းလမ်း ၊ မြေနီကုန်း ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

တင်အောင်လင်း
yoyarlar

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ