အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏
Monday 1 April 2013
ကျနော်တို့နှစ်ယောက်...
အလွမ်းမင်းသားလေး | 07:04 | Best Blogger Tips
ဘ၀ရဲ့တခဏ
ကြုံဆုံခဲ့ကြရတာမို့
တယောက်ကိုတယောက်
အမြင်တွေဖလှယ်ကြ
ကျနော်တို့တတွေ စသိခဲ့ကြတယ်...။
ဒီလိုနဲ့ တီတီတာတာတွေပြောကြ
ခံစားချက်တွေ ဝေမျှရင်း
ရင်ခုန်သံတွေ ထပ်တူကြလို့
ခင်မင်ခွင့်တွေ နီးစပ်ခဲ့ကြတယ်...။
နှလုံးသားရဲ့တောင်းဆိုချက်
ရင်တွင်းစကားတွေ ထိုးနှက်ခဲ့လို့
အဖြူရောင် စည်းတံတားတွေ ကျော်လွှား
ခံစားချက်တွေ ဖောက်ပြားကာ
အချစ်ပန်းတို့ ဖူးပွင့်ခဲ့ဖူးတယ်....။
ကြုံဆုံမယ့် အခက်အခဲ
ရင်ဆိုင်ကာ နွဲပြီး
ဘ၀ရဲ့အမောတွေကြား
တွန်းလှန်ကာ အားတင်းထားမယ်လို့
ကျနော်တို့ နှစ်ဦးကြားမှာ
ဆိုစကားတွေ ရှိခဲ့ဖူးတယ်...။
ဓါးတောင်ကိုဖြတ်လှမ်း
မီးပင်လယ်ကို ဖြတ်သန်းရလည်း
အပြုံးမပျက် ပေါင်းဖက်
ဘ၀ဆုံးထိ ချစ်လျှက်ပဲဟု
သူနဲ့ ကျနော်
ကြွေးကြော်ခဲ့ဖူးတယ်...။
တခါတခါ
တယောက်လိုအပ်ချက်တွေ တဦးဖြည့်ဆည်း
ရှု့မငြီးပဲ အပြုံးတွေယှက်လို့
အတုန့်အလှည့် ရဲ့ နောက်ကွယ်မှာ
အကြင်နာတွေ ပိုခဲ့ကြဖူးတယ်...။
သူ့မျက်နှာ ရွှင်မပြ
ဒေါသတွေ ဖောင်းပွတတ်တဲ့ခါ
အေးချမ်းစွာ ဖျောင်းဖျ
အနှောက် စကားတွေနဲ့
မှောက်မှားမသွားအောင်လို့
ပကတိမေတ္တာကို လှစ်ခါပြ
မာန်မာနတွေ နှိမ့်ချခဲ့ဖူးတယ်...။
တခါတခါ
စကားတွေ ပြင်းထန်
အမြင်မမှန်တဲ့ အခါမျိုးမှာ
ကဗျာဆန်ဆန်စကားတွေနဲ့
အပြန်အလှန် ဖြေသိမ့်
အတ္တတွေ ချိုးနှိမ်ပြီး
မေတ္တာတွေ ယိုစိမ့်ခဲ့ကြဖူးတယ်...။
သူ့မျက်နှာကို မမြင်ခါနေ့မျိုးမှာ
အကြင်နာတွေ တိုးလို့သာ
ရေတွက်ကာ လက်ချိုးပြီး
ခံစားချက်တွေ မျိုသိပ်
လွမ်းစိတ်ကို ဖြေသိပ်ခဲ့ဖူးတယ်...။
ဒီလိုနဲ့
တဦးနဲ့တဦး
တယောက်ကိုတယောက် လက်ချင်းယှက်လို့
ပျော်ရွှင်စွာ လျှောက်လှမ်းရင်း
ဘ၀ရဲ့ ခရီးလမ်းမှာ
အေးအတူ ပူအမျှ  ခံစား
ဘ၀ရဲ့လောကဓံ တရားဆိုတာလည်း
တို့နှစ်ဦးရဲ့ သစ္စာတွေနဲ့
ယုံကြည်စွာ ကျော်လွှားခဲ့ဖူးတယ်...။
ချစ်သူရေ
ငါတို့က တယောက်ကို တယောက်
မေတ္တာစစ်တွေနဲ့ ချစ်ခဲ့ကြတာမို့
ဝေးကွာခြင်း ဆိုတာ အနိစ္စ
လက်တွေ့မှာဆို ဝေးစွ
အတွေးမှာပင် မဝေးခဲ့ ကြတာမို့
ယုံကြည်မှု့တွေ မယိုင်လဲ
နားလည်မှု့ကို ခိုင်မြဲရင်း
တို့တတွေ တသက်လုံးလက်တွဲကြမယ်နော်....။
ငဖြိုး
2 comments:
  1. ကောင်းပါ့ဗျာ
    အလွမ်းမင်းသားကြီး
    ReplyDelete
  2. အလွမ်းမင်းသားလေးရေ ညီလေးရဲ့ ဆိုဒ်ထဲကို အခုမှ
    ရောက်ဖူးတာပါ အရမ်းစိတ်ကြည်နူးဖို့ကောင်းတဲ့ ဆိုဒ်ကလေး
    တစ်ခုပါ ကိုယ်ကလည်း ကွန်ပျူတာတွေ အင်တာနက်တွေနဲ့
    ပတ်သက်ရင် နားမလည်တာတွေက များနေတယ် ၁၅၀၀-
    တန် ဖုန်းကတ်ပေါ်လာမှ အင်တာနက်ဆိုတာကို ရမ်းသမ်း
    မှန်းသမ်း လိုက်ပြီး လက်တည့်စမ်းနေသူ တစ်ယောက်ပါ
    အတန်းပညာကလည်း ခုနှစ်တန်းထိပဲ တက်ခဲ့ဘူး
    တယ် အသက်ကလည်း အင်း.....မပြောတော့ပါဘူး တော်
    ကြာ ကောင်မလေးတွေ မကြိုက်တော့ရင် ဌက်ပြောပင်
    စိုက်နေရအုံးမယ် ဒါတွေထားလိုက်ပါတော့..
    အခု ( comment ) တွေရေးတဲ့အခါမှာ (anonymous)
    ပါတဲ့ ဆိုဒ်တွေကိုပဲ ရေးတတ်တယ် ကျန်တဲ့ဟာတွေဆို လုံး
    ရင်းနဲ့ ( comment as: ) မှာ ( anonymous ) တွေ့လို့ရေး
    လို့ရတာပါ ကြွားတာလည်း များသွားပြီ တစ်ခုကျန်သေး
    တယ် ငွေရေးကြေးရေးကလည်း အဆင်မပြေဘူး အခု
    တောင် ၀ါသနာပါလွန်းအားကြီးလို့ မစားရက်မသောက်ရက်
    ငွေကလေးနဲ့ ဒီစာကို ရေးလိုက်ရတာပါ
    အလွမ်းမင်းသားလေးရဲ့ဆိုဒ်လေး အမြဲတမ်းလွမ်းနေနိုင်
    ပါစေလို့ ....အားလုံးရွှင်လန်း ချမ်းမြေ့နိုင်ကြပါစေ............
    အလွမ်းမင်းသားကြီး ( ဗလာ )
    ( ငါးလေးတွေကို နှစ်မိနစ်ဖိုး အစာကျွေးခဲ့တယ်နော် )
    ReplyDelete
ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ