အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Monday 15 April 2013

လွမ်းမိတယ် ...

အလွမ်းမင်းသားလေး | 07:23 | Best Blogger Tips








ရွာပါ …. ရွာပါ …. သည်းလိုက်ပါလေ
မုတ်သုန်မမှန် မြေနံ့  မသင်း
သင်္ကြန်မိုး ငယ် …. လွမ်းမိတယ် …… ။
တူးပို့  …. တူးပို့   အသံတွေကြားလည်း
ပင်ယံထက်မှာ ရွှေရည်မလူး
ဖူးပိတောက် ငယ် ….. လွမ်းမိတယ်  …. ။
စိုကာ … စိုကာ … လောင်းကြပါစေ
သင်္ကြန်ရေမှာ ရွှင်ပြမလန်း
အမိမြေ သို့  ….. လွမ်းမိတယ် …… ။
ချစ်သူ …. ခင်သူ ….  ကြင်ဖော်ဝေးမို့ 
အတာကူးလေ နှစ်ဦးစေသာ …
နွမ်းလို့ ခွေခွေ  …… လွမ်းမိ ပါတယ် ……. ။ 
ကျနော် ရဲ့ မိတ်ဆွေ သူငယ်ချင်းများ  အလွမ်းတွေ ကင်းဝေးစွာဖြင့် တာကူးတဲ့ နှစ်ဦးမှာ ပျော်ရွှင်ကြ ပါစေလို့  ဆုတောင်းလိုက်ရပါတယ် ..... ။
မောင်ဘုန်း  

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ