ကံကြမ္မာရဲ့
ဇာတ်ဆရာ အလိုတော်ကျ
အကြောင်းပြချက်မဲ့
ဥပက္ခာပြုခံလိုက်ရတဲ့အခါ
ဘဝဟာ အမှောင်ကျခဲ့ရ..
ဘာကိုမှသိခွင့်မရလိုက်ပါဘူး
“သစ်စိမ်းချိုး”ပင်လယ်ပြင်မှာ
မျောပါခဲ့ရတဲ့သစ်ရွယ်ငယ်
တစ်ကယ်ဆိုပြောပြသင့်တယ်
“အသစ်”တွေ့လို့လား
“အပြစ်”တွေ့လို့လား
အကြောင်းပြချက်မဲ့
ခပ်စိမ်းစိမ်းမာယာတွေနဲ့
ကိုယ့်ကိုထားခဲ့
အကြောင်းမဲ့သက်သက်
နှုတ်မဆက်ထွက်ခွာ
“သူ”မသက်ညှာတဲ့အခါ
ဝမ်းနည်းမှုတွေက ရင်မှာဗလပွ
မအေးမြခဲ့တဲ့“ဒီဇင်ဘာ”
ဆွေးတသသနဲ့ဖြတ်သန်း
ခုံတန်းလေးနဲ့ပန်းတစ်ပွင့်ဟာ
တို့အတွက် အမှတ်တရဖြစ်ခဲ့ရ
ရှိပါစေတော့လေ..
မကြင်လို့ပြစ်ပယ်
နှင်းဖုံးတဲ့ကမ္ဘာတစ်ခြမ်းမှာ
မင်းအမုန်းတွေနဲ့ချန်ရစ်ခဲ့
တစ်ကယ်ဆို..
မဆုံခင် ကတည်းက ဘဝခြင်းက ခြားနှင့်ပြီးသားပဲ
ဘာရယ်ကြောင့်များ
ဝေးကွာခြင်းကို ဝမ်းနည်းနေမိနေတာလဲကွယ်
ရက်စက်တယ်..လို့မဆိုရက်
မင်းနဲ့ပတ်သက်ရင် အလိုရမ္မက်ကင်းမဲ့
ဖြူစင်ခြင်းသက်သက်
ပေးဆပ်ခြင်းနဲ့ မင်းပျော်ဖို့အတွက်
ကိုယ်လေ..
ခပ်စိမ်းစိမ်းပဲ နေပါ့မယ်...
No comments:
Post a Comment