အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Sunday 16 June 2013

"ထားခဲ့တဲ့ ချစ်သူ သို့..."

အလွမ်းမင်းသားလေး | 02:18 | Best Blogger Tips


ပျော်ပါစေလို့ဆုတောင်းပေးတိုင်း
ပျော်နေမယ်လို့  မင်ထင်လား။

ပြေလည်ပါစေလို့ဆုတောင်းပေးတိုင်း
ပြေလည်မယ်လို့  မင်းထင်လား။

မေ့ပစ်လိုက်ပါလို့မင်းပြောလာတိုင်း
မေ့လို့ရမယ်လို့  မင်းထင်လား။

မချစ်နဲ့တော့လို့မင်းပြောလာတိုင်း
ငါ့နှလုံးသားကို ဝရန်းထုတ်
အမိန့်ပေး သတ်ပစ်လို့
ငါမုန်းသွားမယ် မင်းထင်လား။

ငါ့ရဲ့ချစ်ခြင်းတွေမှာ မုန်းဖို့ရယ်မပါ
ပေးဆပ်ကာချစ်နေဦးမှာမို့
အရှုံးနဲ့အမုန်းဘယ်လိုမှ
တွက်ယူမထားပါဘူး။

အလွမ်းမြို့လေး
 
 
 

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ