အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Tuesday 4 June 2013

~~~~**မာယာ**~~~~

အလွမ်းမင်းသားလေး | 08:53 | Best Blogger Tips

Photo: ~~~~**မာယာ**~~~~
----------------------------

နူးညံ့တဲ့ နှုတ်ခမ်းထက်က
ပျားရည်တစ်စက်လို
မာယာ မင်းအပြုံးတစ်ချက်က
ငါ့အတွက် ချိုမြိန်လွန်းလှပါတယ်

ငါဟာလေ.. ပုထုစဉ်မို့ ထင်ပါရဲ့ 
နင့်ရဲ့ ဟန်ပါပါ အမုန်းစကားတစ်ခွန်းနဲ့ 
အမိန့်ဆန်ဆန် အကြည့်တစ်ချက်အောက်
ငါနာခံလျှက်ပါ မာယာ.....

လက်ရာမြောက်စွာ ထုဆစ်ထားတဲ့
နင့်ရဲ့ ပန်းပုရုပ်လေးတစ်ရုပ် ငါဟာ...
မျက်ရည်စလေး သဲ့သဲ့ ငါ့ပါးပြင်ထက်
သခင်ကိုယ်တိုင် ထုဆစ်ခဲ့မှတော့
မာယာအလိုကျ ငါ ငိုခဲ့ရပြန်တယ်....

နင်သင်ပြတဲ့ အရောင်တွေ
အဖြေမပေးတတ်သူ ထုံအအ ငါဟာလေ 
ငါကိုယ်တိုင်တောင် အဖြူအမည်းမသဲကွဲတာမို့ 
ဆေးရောင်လှလှ မခြယ်တတ်ခဲ့တာ မာယာအသိဆုံးပါ

မာယာ.... နင်ပျော်ရာထွက်ခွါသွားပေမယ့်
ငါ တော်ရာမှာ နေလျှက် မျှော်လင့်နေဆဲဆိုတာ
မာယာ အတွေးကလေးတစ်ချက် ဖြစ်မိမယ်ဆို 
ငါ့အား အလင်းရောင်ဖျော့ဖျော့လေးတစ်ချက် ထွန်းညှိပေးပါလား မာယာရယ်..။     ။

<3 တိမ်ပန်းချီ <3
 
နူးညံ့တဲ့ နှုတ်ခမ်းထက်က
ပျားရည်တစ်စက်လို
မာယာ မင်းအပြုံးတစ်ချက်က
ငါ့အတွက် ချိုမြိန်လွန်းလှပါတယ်

ငါဟာလေ.. ပုထုစဉ်မို့ ထင်ပါရဲ့ 
နင့်ရဲ့ ဟန်ပါပါ အမုန်းစကားတစ်ခွန်းနဲ့ 
အမိန့်ဆန်ဆန် အကြည့်တစ်ချက်အောက်
ငါနာခံလျှက်ပါ မာယာ.....

လက်ရာမြောက်စွာ ထုဆစ်ထားတဲ့
နင့်ရဲ့ ပန်းပုရုပ်လေးတစ်ရုပ် ငါဟာ...
မျက်ရည်စလေး သဲ့သဲ့ ငါ့ပါးပြင်ထက်
သခင်ကိုယ်တိုင် ထုဆစ်ခဲ့မှတော့
မာယာအလိုကျ ငါ ငိုခဲ့ရပြန်တယ်....

နင်သင်ပြတဲ့ အရောင်တွေ
အဖြေမပေးတတ်သူ ထုံအအ ငါဟာလေ
ငါကိုယ်တိုင်တောင် အဖြူအမည်းမသဲကွဲတာမို့ 
ဆေးရောင်လှလှ မခြယ်တတ်ခဲ့တာ မာယာအသိဆုံးပါ

မာယာ.... နင်ပျော်ရာထွက်ခွါသွားပေမယ့်
ငါ တော်ရာမှာ နေလျှက် မျှော်လင့်နေဆဲဆိုတာ
မာယာ အတွေးကလေးတစ်ချက် ဖြစ်မိမယ်ဆို
ငါ့အား အလင်းရောင်ဖျော့ဖျော့လေးတစ်ချက် ထွန်းညှိပေးပါလား မာယာရယ်..။ ။




တိမ်ပန်းချီ

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ