အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Monday 15 July 2013

အဆိုတော် ဆိုတေး အခြေနေတိုးတက်ကောင်းမွန်လျှက်ရှိ ...

အလွမ်းမင်းသားလေး | 06:46 | Best Blogger Tips




မန္တလေး-ဇူလိုင်၁၅
ယနေ့နေ့လယ် ၂နာရီအချိန်ဆက်သွယ်မေးမြန်းချက်အရ ယာဉ်တိမ်းမှောက်မှုကြောင့် မန္တလေးပြည်သူ့ ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်တွင်ကုသလျှက်ရှိသော တေးသံရှင်ဆိုတေးမှာ အခြေ နေတိုးတက်ကောင်းမွန်လျှက်ရှိကြောင်း ၄င်း၏ဦးလေးတော်စပ်သူ ဦးရဲမြင့်အောင်မှ အတည်ပြုပြော ကြားသည်။
ဦးနှောက်အလုပ်လုပ်ပုံလည်း တိုးတက်လာပြီ။ သွေပေါင်လည်းမှန်လာပြီ။ သတိကတော့မရတချက်ရတချက်ပဲ။ ကောလဟလတွေက မမှန်ပါဘူးဟု ဦးရဲမြင့်အောင်က ပြောသည်။
ကားမောင်းသူ သန်းဝင်လှိုင်မှာအရိုးအထူးကုဆေးရုံသို့ ယနေ့တွင်ပြောင်းလည်းကုသလျှက်ရှိကြောင်း ၄င်းကထပ်လောင်းပြောကြားသည်။






ဖိုးလပြည့်
 PopularNewsJournal

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ