အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Tuesday 9 July 2013

ဂျီမေးလ် အကောင့် ကို မြန်မာနိုင်ငံကနေဖွင့်လို့ရနေပါပြီ...

အလွမ်းမင်းသားလေး | 07:07 | Best Blogger Tips


ဒါလေးကတော့ ညီလေး   ပြည့်စုံ(DSA) က မြန်မာပြည်ကနေ Mail နဲ့ ပို့ပြီး Gmail ဖွင့်ရင်အခတ်ခဲ ဖြစ်နေသူများအတွက် မျှဝေပေးပါဆိုလို့ မြန်မာပြည်က သူငယ်ချင်းများအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်..။

 ညီလေး ပြည့်စုံ(DSA) လို မိမိတို့ သိထားတဲ့ နည်းပညာ , Software , သတင်း လေးတွေ မျှဝေချင်တယ်ဆိုရင် winkabarkyaw@gmail.com ကို Mail ပို့ပြီး မျှဝေနိုင်ကြပါတယ်....။ ညီလေး  ပြည့်စုံ(DSA) ရေ ကျေးဇူးပါ..။

ဂျီမေးအကောင့်ကို မြန်မာနိုင်ငံကနေဖွင့်လို့ရပြီဆိုတဲ့အကြောင်းလေးပါ။
 
 

ဖွင့်နည်းကတော့ ဒီနေရာမှာ  မှာအားလုံးပုံမှန် ဖွင့်နေကျ အတိုင်းဖြည့်လိုက်ပါ ..။ ပြီးလို့ ဖုန်းနံပါတ်တောင်းရင် မိမိ
ဖုန်းနံပါတ်ထည့်ပေးလိုက်ပါ... ပြီးရင်  Voice Call ကိုရွေးလိုက်ပါ.. ထည့်ပေးလိုက်တဲ့ဖုန်း
ကို ပြန်ခေါ်ပြီး Verification Code ပေးပါလိမ့်မယ်။ ကျွန်တော် ဒီနေ့ mec ဖုန်းနဲ့
စမ်းထားတာပါ။ ဘယ်အချိန်ကတည်းကဖွင့်လို့ ရတာကတော့ မသိပါဘူးးး...။
သိသလောက်မျှပေးတာပါ ခင်ဗျာ..။
(mec 1500 တန်ဖုန်းကတော့ အဆင်ပြေပါတယ် Text message (SMS) နဲ့တော့ အဆင်မပြေလောက်ဘူး ထင်ပါတယ်)
ကျွန်တော့်သူငယ်ချင်းတွေကို အကောင့် ၄ ခုတောင်ဖွင့်ပေးပြီးသွားပါပြီ.. ဒီအတိုင်းလုပ်ပြီးတော့ဖွင့်တာ
ကိုယ်ပေးထားတဲ့ဖုန်းနံပါတ်ကို တန်းပြီးပြန်ခေါ်ပေးပါတယ်... ပြီးတော့ အင်္ဂလိပ်လို
Verification Code ကို သုံးကြိမ်လောက်ပြောပေးပါတယ်...။
ပြီးတော့ သူပြောလာတဲ့ 
Verification Code  ကိုထည့်လိုက်ရင် ဂျီတော့အကောင့်က လုံးလုံးကိုရသွားပါပြီခင်ဗျာ...

     ပြန်လည်မျှဝေသူ {ပြည့်စုံ(DSA)}

     ဝင်းကမ္ဘာကျော်(နည်းပညာ)

 

1 comment:

  1. ခုမှသိတာလားကွာ။ကြာလှပီဟ သိတာက။ဖုန်းထဲက​နေဖွင့်​တန်းရတယ်​။Browser က​နေဖွင့်​လည်းရ​နေတာပဲဟာကို ။ခုမှရတာမဟုတ်​ဘူး။အရင်​ကတည်းရ​နေတာကွ။

    ReplyDelete

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ