အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Monday 19 August 2013

ချစ်သူသို့...

အလွမ်းမင်းသားလေး | 05:18 | Best Blogger Tips


အခုချိန်...နင် ငါ့အနား ရှိမနေခဲ့ပါဘူး...ဒါပေမဲ့
ငါ့ နှလုံးသားရဲ့ အနီးဆုံးတစ်နေရာမှာ နင် ရှိသလို နင့်
အတွေးထဲမှာလဲ ငါ အမြဲရှိနေမယ်ဆိုတာ ယုံကြည်တယ်......

နင် ငါ့ အနား ဂရုစိုက်မှုတွေမပေးနိုင်ပါဘူး....ဒါပေမဲ့
စိုးရိမ်တတ်တဲ့ နင့် အပြုအမူ ....ဂရုစိုက်တတ်တဲ့ စကားလုံး
တစ်ချို့ ကိုတော့ ငါ ခံစားခွင့်ရှိတယ်.............

နင့်နဲ့  ခဏတာ ဝေးနေရတဲ့အချိန်ဆို ငါ အရမ်းလွမ်းနေ
ရသလို ငါ နဲ့ အဆက်အသွယ်မရတဲ့ အချိန်တွေမှာလဲ နင် ငါ့ကို
လွမ်းနေမယ်လို့  ငါ ခံစားရတယ်.............

နင်နဲ့ ငါ ဘယ်သူ ပိုချစ်တယ်ဆိုတာထက် နင့်တစ်ယောက်ထဲ
ကိုပဲ ငါ့ အချစ်တွေ ပုံအပ်ထားသလို နင်လဲ ငါ့ တစ်ယောက်ထဲကိုပဲ
သစ္စာရှိရှိနဲ့ ချစ်နေပေးရင် တစ်နေ့ ငါတို့ တွေလက်တွဲခွင့်ရမဲ့ နေ့ ရက်
လေး ပိုင်ဆိုင်ရမယ်ဆိုတာ သေချာနေတာပဲ...........ချစ်သူ...



Khin Myo Aye


No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ