အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Tuesday 6 August 2013

သို့....ချစ်သူ...

အလွမ်းမင်းသားလေး | 05:15 | Best Blogger Tips


 ကြယ်ရောင်တွေလင်းလက်နေတဲ့ညမှာ
ငါလေ...တစ်ယောက်ထဲ
ကောင်းကင်ကြီးကိုငေးကြည့်ရင်း
ရင်ဘတ်ထဲကစကားလုံးတွေနဲ့အတူ
မင်းအတွက်...
မင်းအတွက်ကဗျာလေးတပုဒ်ကိုရေးဖွဲ့လိုက်တယ်
ချစ်သူရေ......
ဝေးကွာခြင်းရဲ့နောက်ကွယ်က
ဆုံဆည်းမှုတစုံတရာအတွက်
ငါတို့ရဲ့နှလုံးသားတွေကို
ဘယ်အချိန်ထိများပေးဆပ်ထားရအုံးမှာလဲ
ဘယ်သူမှမမြင်ရတဲ့
ဆုံဆည်းမှုတခုဟာ
အမြဲတမ်းသတိရနေခြင်းပါလို့ဆိုပေမယ့်
မင်းကော.....ကိုယ့်ကို
အမြဲတမ်းသတိရနေနိုင်ပါ့မလားချစ်သူ......။
ကိုယ်ကတော့...အချိန်နဲ့အမျှပါပဲကွယ်
ချစ်သူရေ.....
ကိုယ့်ကိုသတိရနေပေးဖို့
ကိုယ်မတောင်းဆိုချင်ပါဘူးချစ်သူ
ဒါပေမယ့်
မင်းရဲ့သန်းခေါင်ယံအိပ်မက်ထဲကိုတော့
ကိုယ့်ကို...လာလည်ခွင့်ပေးလှည့်ပါနော်
ငါတို့နှစ်ယောက်ရဲ့ဝေးကွာခြင်းတွေကို
အဆုံးသတ်နိုင်ဖို့အတွက်လေ...။
ချစ်သူထာဝရပျော်ရွှင်ပါစေ................။


                                                      အောင်ကိုမင်း

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ