အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Thursday 12 September 2013

ကျဆုံးသွားသော အညတရ စစ်သည်များအား ဂုဏ်ပြုပါသည်...

အလွမ်းမင်းသားလေး | 08:01 | Best Blogger Tips

ကျဆုံးသွားသော အညတရ စစ်သည်များအား ဂုဏ်ပြုပါသည်
**************************************

ထိုကြယ်တွေကြွေလေတိုင်း

ညစဉ်ညတိုင်း

အမှောင်ရဲ့ကောင်းကင်ထဲ

လူမသိသူမသိပါပဲ

ကြယ်လေးတွေတဖြုတ်ဖြုတ်ကြွေနေကြတယ်။



ကြယ်ကြွေတာ ဆုတောင်းရင်ပြည့်သတဲ့

ကြယ်တွေကိုချစ်တဲ့ငါ 

ညစဉ်အခါ ကြယ်တွေကိုထိုင်ကြည့်လို့

အတ္တတွေအပြည့်နဲ့ ဆုတွေတသီကြီးတောင်းခဲ့ဖူးတယ်။



ဖြတ်ခနဲလေးတချက်ပါပဲ.

နှစ်သန်းပေါင်းများစွာ တည်ဆောက်ခဲ့တဲ့အလင်း 

ပျက်ဆီးတဲ့အချိန်လေးအတွင်းမှာ

ခနတွင်းပျောက်ကွယ်ခဲ့တယ်။



ဓူဝံလိုကြယ် ဗီးနပ်စ်လိုနတ်ဖုရား

လူတွေကတင်စားလို့ ထင်ရှားကြပေမယ့်

ကြယ်တာရာအစုအဝေး သေးငယ်တဲ့ဒီကြယ်လေးတွေကျ

လမင်းကို ၀န်းရံခလို့ 

စွမ်းသလောက်အလင်းဝေမျှတာတောင်မှ

တိတ်တဆိတ်နဲ့ကြွေကျ မြေခရတာတောင်

ဘယ်သူမှတောင်မသိလိုက်ဖူးကွယ်။



ကြယ်တွေကိုချစ်တဲ့ငါ

သူတို့ပေးတဲ့အလင်း နှလုံးသားမှာမှတ်တမ်းတင်ရင်း

ဒီလိုကြွေလွင့်တဲ့အခါ တော်ပြီငါ ရင်နာလွန်းလို့

ကိုယ့်ဆုတောင်းပြည့်စေဖို့

ဒီတစ်ခါကြယ်တွေကြွေရင်ဖြင့်

ဘယ်သောအခါမှ..

ကိုယ်တကယ်မရေတွက်တော့ဘူးကွယ်။



မဒမ်ကိုး

၁၂. ၉.၂၀၁၃

(credit to မဒမ်ကိုး )

 
ထိုကြယ်တွေကြွေလေတိုင်း

ညစဉ်ညတိုင်း

အမှောင်ရဲ့ကောင်းကင်ထဲ

လူမသိသူမသိပါပဲ

ကြယ်လေးတွေတဖြုတ်ဖြုတ်ကြွေနေကြတယ်။



ကြယ်ကြွေတာ ဆုတောင်းရင်ပြည့်သတဲ့

ကြယ်တွေကိုချစ်တဲ့ငါ

ညစဉ်အခါ ကြယ်တွေကိုထိုင်ကြည့်လို့

အတ္တတွေအပြည့်နဲ့ ဆုတွေတသီကြီးတောင်းခဲ့ဖူးတယ်။



ဖြတ်ခနဲလေးတချက်ပါပဲ.

နှစ်သန်းပေါင်းများစွာ တည်ဆောက်ခဲ့တဲ့အလင်း

ပျက်ဆီးတဲ့အချိန်လေးအတွင်းမှာ

ခနတွင်းပျောက်ကွယ်ခဲ့တယ်။



ဓူဝံလိုကြယ် ဗီးနပ်စ်လိုနတ်ဖုရား

လူတွေကတင်စားလို့ ထင်ရှားကြပေမယ့်

ကြယ်တာရာအစုအဝေး သေးငယ်တဲ့ဒီကြယ်လေးတွေကျ

လမင်းကို ၀န်းရံခလို့

စွမ်းသလောက်အလင်းဝေမျှတာတောင်မှ

တိတ်တဆိတ်နဲ့ကြွေကျ မြေခရတာတောင်

ဘယ်သူမှတောင်မသိလိုက်ဖူးကွယ်။



ကြယ်တွေကိုချစ်တဲ့ငါ

သူတို့ပေးတဲ့အလင်း နှလုံးသားမှာမှတ်တမ်းတင်ရင်း

ဒီလိုကြွေလွင့်တဲ့အခါ တော်ပြီငါ ရင်နာလွန်းလို့

ကိုယ့်ဆုတောင်းပြည့်စေဖို့

ဒီတစ်ခါကြယ်တွေကြွေရင်ဖြင့်

ဘယ်သောအခါမှ..

ကိုယ်တကယ်မရေတွက်တော့ဘူးကွယ်။



မဒမ်ကိုး

၁၂. ၉.၂၀၁၃

(credit to မဒမ်ကိုး )
 
 

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ