အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Sunday 15 September 2013

အထက်ကိုသာကြည့်ပါ…

အလွမ်းမင်းသားလေး | 21:23 | Best Blogger Tips



ဟိုး…ရှေးရှေးတုန်းက… ရွက်သင်္ဘောကြီးတစ်စင်းဟာ ပင်လယ်ထဲမှာ မုန်တိုင်းမိပါသတဲ့…။ မာလိန်မှုးဟာ ပင်မရွက်ကြီးကိုဖြုတ်မှဖြစ်မယ့်အခြေအနေကြောင့် လူငယ်တစ်ဦးကို ရွက်တိုင်ထိပ်ကိုတက်ပြီး ရွက်ကြိုးကိုဖြုတ်ချဖို့ စေခိုင်းပါတယ်…။
လူငယ်ဟာလည်း သွက်သွက်လက်လက်ပဲ ရွက်တိုင်ထိပ်ကိုတက်သွားပြီး ရွက်ကြိုးကို ဖြုတ်ချနိုင်ခဲ့ပါတယ်…။ ရွက်ကြိုးဖြုတ်ပြီးလို့ အောက်ကိုပြန်ဆင်းမယ်အလုပ် အောက်ကိုငုံ့ကြည့်လိုက်ပါတယ်…။
အဲဒီအခါမှာတော့… ဧရာမလှိုင်းလုံးတွေကြားမှာ လူးလွန့်နေတဲ့ သူတို့ရဲ့ သင်္ဘောလေးရဲ့ ထိပ်လန့်ဖွယ်မြင်ကွင်း…သူတို့ကိုစားဖို့စောင့်နေတဲ့ ငါးလိပ် ငါးမန်းတွေ ကိုမြင်တော့ နဂိုကရှိတဲ့ သတ္တိတွေပျောက်ပြီး အောက်ကိုပြန်မဆင်းရဲ ပဲ ဖြစ်နေပါသတဲ့…

အဲဒါကိုမြင်တဲ့ သူ့သူငယ်ချင်းက ကုန်းပတ်ပေါ်ကနေ လှမ်းသတိပေးပါတယ်…
“ သူငယ်ချင်း.. အောက်ကိုမကြည့်နဲ့.. အပေါ်ကိုပဲကြည့်”

အဲဒီတော့ လူငယ်ဟာ… အောက်ကိုမကြည့်ပဲ အပေါ်ကိုပြန်ကြည့်လိုက်ပါတယ်..။ ဒီတော့မှ အောက်က ထိတ်လန့်ဖွယ်မြင်ကွင်းတွေကို မမြင်ရတော့မှ…ကြောက်လန့်နေတဲ့ စိတ်တွေပျောက်ပြီး..ဖြည်းဖြည်းချင်းဆင်းလာကာ ကုန်းပတ်ပေါ်ကို ချောချောမောမော ပြန်ရောက်လာခဲ့ပါသတဲ့…။
ဒီပုံပြင်ထဲကလိုပါပဲ…
ကျနော်တို့တွေဟာ…ဘဝမှာလောကဓံမုန်တိုင်းတွေနဲ့ ကြုံတွေ့နေကြမှာပါပဲ…။ အဲဒီအခါ…ကိုယ့်ရဲ့  ကျရှုံးမှုတွေ… ဆုံးရှုံးမှုတွေ…ကိုကြည့်ပြီး..စိတ်ပျက်သွားကြတတ်ပါတယ်။ ပုံပြင်ထဲက လူငယ်လေး အောက်ငုံ့ကြည့်သလိုပေါ့..။ အဲဒီအခါ…သူ့သူငယ်ချင်းလေးသတိပေးသလိုပဲ… အောက်မငုံ့ကြည့်ပဲ…အထက်ကိုသာမော့ကြည့်ပါ…။ ဆိုလိုတာက ဆုံးရှုံးမှုတွေကိုမကြည့်ဘဲ… ကိုမျှော်လင့်ထားတဲ့ ရည်မှန်းချက်ပန်းတိုင်ကိုသာကြည့်ပြီး ကိုယ်လုပ်စရာရှိတာကိုသာဆက်လုပ်ဖို့အကြံပေးချင်တာပါ…

နန္ဒာသိန်းဇံ… ခယောင်းလမ်းကို ဖြတ်ကျော်ခြင်း..ထဲကပုံပြင်လေးပါ….



ချိုးဌက်ဟူသည်


ပုဂံအွန်လိုင်းမီဒီယာ

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ