အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Thursday 3 April 2014

မပိုင်ဆိုင်မှန်း သိပေမယ့်...

အလွမ်းမင်းသားလေး | 01:39 | Best Blogger Tips



သံယောဇဉ် မြစ့်ထဲ
အတူတူ ခုန်ဆင်းတုန်း က
နင့်  အပြုံး ငါ့ အပြုံးတွေက
လောကကြီးမှာ အချို   ဆုံးပေါ့

ကူးရင်း မြူးရင်း နဲ့ 
ရေစီးကြမ်း တဲ့  လောကဓံ လှိုင်းပုတ်တော့
အမုန်း မပါ တဲ့  ၀ဲဂယက် ထဲ
နင် နဲ့  ငါ စုန်းစုန်း မြုတ် ခဲ့ပြန်တယ်

ကူသူမဲ့ ...ဆယ်သူဝေးလို့ 
အချိန် အတော်ကြာ....
အနာဂတ်ထဲ
သူ လွတ်မြောက်ရာလမ်း သူရွေးပြီး
ငါ့ အသက်ရှင်ရာ လမ်းကို
ငါ ကိုတိုင်းလည်း ဖောက် ခဲ့ရတယ်

ပြန်ဆုံမယ်လို့  ထင်ခဲ့တယ်
ကြုံဆုံ မယ့် တစ်နေ့ 
ထပ်မဝေးဘူးလို့ လည်း တွေးခဲ့ပါသေးတယ်
ခုတော့ အရင်လို မဟုတ်တဲ့ 
နေ့ သစ်တွေ ထဲ
တို့  တွေ အပြီးပိုင် ဝေးခဲ့ရပြန် ပြီလေ

အမုန်းကြောင့် မဟုတ်ဘူး
ချစ်နေဆဲမို့  လည်း
အပြစ်ရယ် မမြင် မိလို့ 
အဝေး တစ်နေရာမှ
မလာမှန် သိတဲ့  အချစ်ဦးကို....
ငယ်ချစ် အစစ်မို့ 
ရင်နင့်အောင်..........လွမ်းနေအုံးမယ်.............မောင်




ညအက္ခရာ ....


2 comments:

  1. slot xo เว็บไซต์เล่นเกมส์มาก ที่พวกเรานำเอาความสนุกสนานที่คัดสรรแล้ว สล็อต เป็นเกมที่สุดยอด มาแจกความโชคดีให้กับคุณได้สนุกสนานแบบเต็มที่มีให้เลือกเล่นมากยิ่งกว่า 200 เกม

    ReplyDelete
  2. เข้ามาสมัครเล่นเกม พนันออนไลน์ apollo pg เกมพนันออนไลน์ Apollo Slot Pg ที่สามารถช่วย ให้ผู้เล่นได้รับ ทั้งยังความเพลิดเพลิน ความระทึกใจ และก็โอกาศ ที่จะสร้างรายได้

    ReplyDelete

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ