အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Sunday 9 December 2012

ဝတ်မှုံရွှေရည်နဲ့ အမေးအဖြေ ....

အလွမ်းမင်းသားလေး | 06:19 | Best Blogger Tips




၂၀၁၂ ကုန်တော့မှာ ဆို တော့ ၂၀၁၃ အတွက် ဘယ်လို အစီအစဉ် တွေ ချထားပြီလဲ။

၂၀၁၃ ခုနှစ်မှာ ၂၀၁၂ လောက် ကားရိုက် လက်မခံ တော့ဘူး။ ၂၀၁၂ မှာ ကစ်က ကားရိုက်ဘက်ကို ပိုဦးစား ပေးလိုက်တယ်။ ကားရိုက်နဲ့ ကြော်ငြာပေါ့၊ ကားရိုက် ဆိုရင် အဆက်မပြတ် အောင် အရင်နှစ်တွေ ကထက် ပိုလက် ခံတယ်။ အဓိက ကတော့ ပရိသတ်တွေက အရင်နှစ်မှာ ကစ်ရဲ့ကားတွေ နည်းတယ် ပြောလို့ ဒီနှစ်မှာ အားစိုက် လိုက်တာ။ နောက်နှစ် ကျရင် တော့ သေချာ စိစစ်ပြီး ရိုက် သွားမယ့် Plan လေးတော့ ရှိတယ်။ အခြား ကိစ္စတွေ အတွက် ကစ်က အချိန်ပေး ရဦး မှာလေ။




အခြား ကိစ္စတွေ လေ့လာ ဖို့ဆိုတာ ဘယ်လို ကိစ္စ တွေလဲ။

 
ကိုယ့်အနု ပညာနဲ့ ပတ်သက်တာ တွေပါပဲ။ အခုကျတော့ ကိုယ်ပိုင် အချိန်မရှိ သလောက်ပဲ ဆိုတော့ ဥပမာ- ကိုယ်ပိုင် အချိန် ဆိုရင် စာအုပ်ဖတ် တာပဲ ဖြစ်ဖြစ်၊ ရုပ်ရှင် ကြည့်တာပဲ ဖြစ်ဖြစ်၊ အားကစားနဲ့ ပတ်သက် တာပဲ ဖြစ်ဖြစ် ကိုယ့်အတွက် လေ့လာ ရမယ့် ဟာ၊ လုပ်ရမယ့် ဟာတွေရှိ သေးတာကိုး။ ၂၀၁၂ မှာ ကားရိုက်၊ ကြော်ငြာရိုက်၊ ဓာတ်ပုံရိုက်တွေ လုပ်ထားတာ ဆိုတော့ အပြင် ဗဟုသုတ တွေ ရှိဖို့ လိုအပ်တယ် ထင်တယ်။ ကစ်က နှစ်လ၊ သုံးလ လောက် ဘန်ကောက်မှာ ပဲဖြစ် ဖြစ် သင်တန်းတွေ တက်ချင် တယ်။ အဲဒီလို ၂ လ၊ ၃ လက အဆက်အသွယ် ပြတ်သွား မှာပဲ ၁ လလောက်နဲ့တင် အဆက် အသွယ်က တော်တော် ပြတ်တယ် ဆိုတော့ ဖြစ်ချင်တာတွေ ရှိပေမယ့် မဖြစ်နိုင်ပါဘူး။ လောလောဆယ် တော့ မဖြစ်နိုင် သေးပါဘူး။



ဝတ်မှုံရွှေရည် အနေနဲ့ ဇာတ်ကားတွေ စရိုက်တုန်းက ဇာတ်ကား နည်းနည်းလေးပဲ ရိုက်ခဲ့ရင်း ကနေ တဖြည်းဖြည်းနဲ့ ဒီလောက ထဲကို ထဲထဲဝင်ဝင် ရောက်လာတယ်။
 
ဒီအလုပ်က အသက် မွေးဝမ်းကြောင်း လိုလည်း ဖြစ်သွား တာကိုး။ စလုပ်ချိန် က ကလေးဆိုတော့ အပျော်ပဲ၊ ဒီအလုပ်ကို လုပ်ရတာ ပျော်လည်း ပျော်တယ်။ မင်းသမီး ဖြစ်ချင် တယ်ပေါ့။ ဒါပေမဲ့ ဒီအလုပ်ကို တကယ် လုပ်မယ်လို့ ဆုံးဖြတ် လိုက်ချိန်မှာ အကောင်းဆုံး ဖြစ်အောင် လုပ်မယ် ဆိုတဲ့ စိတ်တွေ ရှိလာတာက ဗီဒီယို ကားတွေ ရိုက်ချိန်မှာ။ အရင်က ကြော်ငြာလောက်၊ ဓာတ်ပုံလောက် ပဲဆိုတော့

Tension မများ ရဘူး။ ဇာတ်ကားတွေ စရိုက်တဲ့ နောက်ပိုင်းမှာ Tension တွေက အများကြီး၊ အလုပ် အတွက် စဉ်းစားဆုံး ဖြတ်ရတာ တွေရော၊ လူတွေနဲ့ ဆက်ဆံရ တာတွေရော၊ ပတ်ဝန်းကျင် တွေက အများကြီး ဖြစ်သွားတယ်။ အရင်တုန်းက လိုတော့ ပေါ့ပေါ့တွေး လို့မရဘူး။

အနုပညာ လောကထဲကို ရောက်လာချိန် မှာဘယ်လို သင်ခန်းစာတွေ ပိုပြီး ရလာလဲ။

 
ကြုံဖူးတာ တွေရော၊ မကြုံဖူးတာ တွေရော အများကြီးပဲ။ သင်လို့ကို မဆုံး နိုင်ပါဘူး။ တစ်ခုပြီးတစ်ခု သင်ခန်းစာတွေ တိုးတိုးလာ သလိုပဲ။ စာအုပ်ဖတ် သလို မရိုးရဘူး။ ၀တ်မှုံနဲ့ ပတ်သက်ပြီး သတင်းကောင်း တွေရော၊ သတင်းဆိုး တွေလည်း ထွက်တာ တော်တော်များ တယ်နော်။ ဟုတ်တယ်။ ကောလာ ဟလနဲ့ ပတ်သက်ပြီး ကစ်မှာ ကံဇာတာ ပါတာ ထင်တယ်။ စွပ်စွဲခံရ တာမဟုတ်ဘဲ အပြောခံ ရတာတို့ဆို အရမ်း အပြောခံ ရတယ်။ အရင်တုန်း ကဆို အရမ်း စိတ်ညစ်တယ်။ တစ်ခါတလေ အလုပ်လည်း မလုပ် ချင်ဘူး။ တစ်ယောက်တည်း ငိုယိုပြီး အိမ်မှာလည်း အဲဒီလိုပဲ၊ အရင်ကဆို စိတ်ကို တော်တော် မထား တတ်တာ။ အိမ်ကလည်း ဘာမှ လုပ်ပေးလို့ မရဘူး။ Depression တွေ

ဝင်တာပေါ့။ နောက်ပိုင်း ကျတော့ ကိုယ်မှ မဟုတ်တာ၊ အနုပညာ သမားတိုင်းက ကောလာ ဟလနဲ့ ကြုံရမယ် ဆိုတဲ့စိတ်နဲ့ ဖြေသိမ့် ရတာပေါ့။ အမှန်အတိုင်း ပြောရရင် ပရိသတ် အထင်လွဲ သွားမှာတော့ ကြောက်တယ်။ ကောလာ ဟလ ဆိုတာကို တချို့တွေက နားလည်တယ်။ နားမလည် တဲ့သူတွေ ကျတော့ တစ်မျိုး ထင်သွားမှာ အမှန်အတိုင်း ပြောရရင် စိုးရိမ်တယ်။ ကစ်ကစ်က အဓိပ္ပာယ် မရှိတဲ့ ဟာတွေနဲ့ ကြီးကြီးမားမား တွေပဲ ထွက်တယ်။ ကစ်ကစ် ကိုက အဲဒါနဲ့ ပတ်သက်ရင် ကံမကောင်း တာပါ။

ကိုယ့်ရဲ့ Personal ပိုင်း၊ ဂုဏ်သိက္ခာ ပိုင်းကို ကိုယ်တိုင်က ထိန်းသိမ်းတယ် ဆိုပေမယ့် ပတ်ဝန်းကျင်ရဲ့ လှုပ်ခတ်မှု ဆိုတာတွေ ရှိတော့ ဘယ်လို ဆင်ခြင် သင့်တယ် ထင်လဲ။


ပြောရရင် ကစ်ကစ် လောက် ဆင်ခြင်တာ ကစ်ပဲ ရှိတယ်။ အနေ အထိုင်လည်း ဆင်ခြင်တယ်။ အပြင်တွေ ဘာတွေ သွားတယ် ဆိုရင် လူများတဲ့ နေရာတွေဆို ရှောင် တယ်၊ မသွားဘူး။ အပြောခံ ရမယ့် အလုပ်တွေ ဆိုရင် ကစ် ဂရုစိုက် တယ်။ နောက်ဆုံးကျ တော့ ဘယ်လို ဖြေသိမ့်လဲ ဆိုတော့ ကိုယ့် လိပ်ပြာ ကိုယ်သန့် တယ်။ မဟုတ်တာလည်း မလုပ်ဘူး။ မိဘရဲ့ အဆုံးအမ အောက်မှာလည်း နေတယ်။ ရှုတင်မှာ ဆိုလည်း မေမေ လိုက်တယ်။ အမြဲတမ်း ထိန်းထိန်း သိမ်းသိမ်းနေတယ်။ ကိုယ့်အကျင့် သိက္ခာကိုလည်း တန်ဖိုးထားတယ်။ ကိုယ့် ကိုယ်ကိုလည်း တန်ဖိုးထား တယ်။ ကိုယ့်ကိုယ်ကို တန်ဖိုး ထားမှ သူများတွေ ကလည်း တန်ဖိုးထား မှာလေ။ ကိုယ့် မိဘ၊ ကိုယ့် အသိုင်းအ၀ိုင်း သိက္ခာကျ မယ့်အလုပ်မျိုး၊ မျက်နှာပျက် ရမယ့် အလုပ်မျိုး ဘယ်တော့မှ မလုပ်ဘူး။

အချစ်ရေးနဲ့ ပတ်သက် ပြီး ၀တ်မှုံ ဘက်က ဘယ်လို ခံစားချက်တွေ ရှိသေးလဲ။ အချစ်ကို စိတ်နာ နေပြီလား။

 

အချစ် ဆိုတာ ပူလောင် တာပါပဲ။ အေးချမ်းတဲ့ အချစ် မျိုးကိုပဲ လိုချင်တယ်။ ပူ လောင်တဲ့ အချစ်မျိုးကို မလို ချင်ဘူး။ တစ်ယောက် နဲ့တစ်ယောက် ကံဇာတာ ချင်းက မတူဘူး လေ။ အချစ်နဲ့ပတ် သက်ရင် အေးချမ်း ချင်တယ်။

နောက်ပိုင်း ကြုံလာမယ့် အချစ် တွေအပေါ် ဘယ်လို ယုံကြည်မှု ရှိမလဲ။

 
ယုံရမှာ ကြောက်တယ်။ ယုံလည်း မယုံရဲဘူး။ စိတ် ဆင်းရဲ ရမှာတို့၊ ပူလောင်ရမှာတို့၊ အလိမ်ခံ ရမှာလည်း ကြောက်တယ်။

 

အချစ်က နေပြီး ၀တ်မှုံ ရတဲ့ သင်ခန်းစာ တွေက ဘာတွေလဲ။
 
သင်ခန်းစာ ရယ်လို့ မဟုတ်ပါဘူး။ တစ်ခါ တလေ ကျရင် ခွန်အားလည်း ဖြစ်စေတယ်။ ရင့်ကျက်မှု လည်း ဖြစ်စေတယ်။ လူ့ အကြောင်း ဆိုတာ ပေါင်း ကြည့်မှ သိတာလေ။ ကစ်ကစ်က ဂျီကျတယ်၊ ကလေး ဆန်တယ်။ မသိ တော့ပါဘူး။ ကစ်ကစ်က အချစ်ရေးမှာ ကံ မကောင်းပါဘူး။ အပျံသင်စ အရွယ်မှာ ဒဏ်ရာရသွား တယ်လို့ ပြောလို့ ရလား မသိ ပါဘူး။ Definition က ကြီး လွန်း အားကြီးတယ်။ အချစ်နဲ့ ပတ်သက်ရင် ဘာပြော ရမှန်း တောင် မသိဘူး။


ဝတ်မှုံရွှေရည် က ၂၀၁၂ ဒီဇင်ဘာလ ကုန်မှာ ပြည်ပကို အပျော် ခရီး ထွက်ဖို့ စဉ်းစား ထားပါတယ်။ ဇာတ်ကား ရိုက်ကူးရေးတွေ ဆက်နေတာ ကြောင့် အနားယူတဲ့ သဘော အနေနဲ့ ထွက်မှာပါ။ ၂၀၁၃ မှာ ဇာတ်ကား ရိုက်ရေးကို လျှော့မယ် ဆိုတဲ့ ၀တ်မှုံရွှေ ရည်က ဒီနှစ်ပိုင်းထဲမှာ လူမှုရေး အရ သော်လည်း ကောင်း၊ ဇာတ်လမ်း ပြောင်းလဲလို့ မရလို့ သော်လည်းကောင်း ရိုက်ဖြစ် လိုက်တဲ့ ဇာတ်ကားတွေ ဖြစ်ပါတယ်။ ကိုယ်တိုင် အားမရ တာကြောင့် ကြည့်တဲ့ ပရိသတ်တွေ အချိန်ပေးပြီး မတန်မှာတွေ စိုးရိမ် လာပါ တယ်။

ဒီလို စိတ်မျိုးတွေရှိ တာကြောင့် သေချာ စိစစ်ရွေး ချယ်ဖို့ ဆုံးဖြတ်တာလို့ သိရပါတယ်။
ဒါရိုက်တာ ၀င်းထွန်းထွန်းနဲ့ ဗီဒီယို ဇာတ်ကား ရိုက်ရင်း မေးမြန်း သမျှကို ၀တ်မှုံရွှေရည် က ဖြေကြား ပေးခဲ့တာ ဖြစ်ပါတယ်။ အချိန်ပေး ဖြေကြားပေး တဲ့အတွက် ကျေးဇူး အထူးတင် ရှိပါတယ်။ မျက်နှာဖုံး ဓာတ်ပုံ ရိုက်ကူးပေးတဲ့ ဓာတ်ပုံဆရာ ကိုလည်း Special Thanks ပါ။ ဘာဖြစ်လို့လဲ ဆိုတော့ သူလည်း မအားတဲ့ကြားထဲ ကနေ ရွှေ အမြုတေ အတွက် ကူညီရိုက် ကူးပေးလို့ ဖြစ်ပါတယ်။ ဓာတ်ပုံ ဆရာကို အနုပညာ အသိုင်းအ၀ိုင်း ကတော့ တော်တော် များများ သိကြမှာပါ။

ပရိသတ်တွေ ကတော့ ဒီနာမည်ကို သိပ်မရင်းနှီး သလို အမှတ်တမဲ့ ဖြစ်နေမယ် ထင်ပါတယ်။ ပြောလိုက်ရင် ပရိသတ်တွေ အံ့သြ သွားမယ် ထင်ပါတယ်။ ဒါပေမဲ့ ဓာတ်ပုံ ဆရာက သူ့နာမည်ကို မဖော်ပြ စေချင်ပါဘူး။ ညီလေး ဆိုတဲ့ နာမည်က သူပန်းချီ ဆွဲတဲ့ နာမည် ဖြစ်လို့ ဒီနာမည်ကိုပဲ တပ်ပါလို့ ကာယကံရှင်က ပြောထားတဲ့အတွက် သူ့နာမည် အရင်း၊ အနုပညာ အမည်ကို မပြောပြ တော့ပါဘူး။ ၀တ်မှုံရွှေရည်က ရွှေအမြုတေ မဂ္ဂဇင်း ဓာတ်ပုံများကို နေတိုးနဲ့ ပုဂံမှာ ဗီဒီယို ဇာတ်ကား ရိုက်ရင်း ရိုက်ကူး လာတာ ဖြစ်ပါတယ်။ ဒါကြောင့် ဓာတ်ပုံ ရိုက်ကူးမှုမှာ ပါဝင်သူ အားလုံးကို ကျေးဇူး အထူး တင်ရှိ ပါတယ်။ ရွှေအမြုတေ ပရိသတ်များလည်း ဓာတ်ပုံ ရိုက်ကူးသူက ဘယ်အနု ပညာရှင် ဖြစ်မယ်ဆိုတာ စဉ်းစားရင်း ခေါင်းရှုပ် နိုင်ပါစေ။
    

ဦးဇော်(သိသမျှ)

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ