အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Wednesday 12 December 2012

မငိုနဲ့တော့ ချစ်သူရေ ...

အလွမ်းမင်းသားလေး | 06:07 | Best Blogger Tips









ပင်လယ်ရပ်ဝန်းမှာ တိုက်ခတ်ဖို့

မုန်တိုင်းကို ဘယ်သူဖိတ်ခေါ်ခဲ့တာလဲ ... ?

အဖြေကို ရှာမတွေ့ခင်မှာပဲ -

- အညာဒေသမှာ အသံမဲ့ မိုးတွေက ရွာ .....

ဒီလိုပါပဲ ...

ဝင်းမှည့်နေတဲ့ ဟာရီကိန်းတစ်ခုက -

- ငါ့ရင်ဘက်ပေါ်ကို တည့်တည့် မတ်မတ်ကြွေ အကျ -

- ချစ်သူ ခမျာမှာလည်း

မိုးဆွေနေတဲ့ မျက်ဝန်းတွေကို ဘယ်လိုကုသ ရမလဲ မသိရှာခဲ့ ...

မငိုပါနဲ့ ...

မငိုနဲ့တော့ ချစ်သူရေ ...

နောက်ဆိုရင် အနားမှာပဲ ရှိနေတော့မှာပါ .....

.......... ...... ..........

ချစ်သူကို ချော့တဲ့ ငါ့အားပေးစကားတွေက

ဘာကြောင့်များ ငိုသံတွေ စိုရွှဲနေရတာလဲ ... ?

ခလေးငယ် တစ်ယောက်ရယ် ...

မရေရာသေးတဲ့ အနာဂါတ်ကို

ခိုကိုးရာမဲ့ မျှော်ငေးနေမလား ... ?

သူမအတွက်တွေးပြီး

အကြိမ်ကြိမ်ကြေကွဲ ပါတယ် ..... ။

တစ်ခါတရံမှာ

အိုမာခရမ် နဲ့ တာရာမင်းဝေရဲ့ သဘောထားကွဲလွဲမှုလေးလို

သူမကို မြတ်နိုးခဲ့ပါတယ် .....

တစ်ခါတရံမှာတော့

အားလုံးနဲ့ သဘောထားကွဲလွဲလိုက်ချင်တယ်

အချစ် နဲ့ စစ် ဆိုတာ နှစ်ခုလုံး မတရားပါဘူး

ကိုယ့် အလှည့်ရောက်ခဲ့ရင်

အကြွေစေ့တစ်ခုကို ခေါင်းပန်းလှန်လိုက်မယ်

သူရဲကောင်းမဖြစ်ရင်လည်း နေပါစေ ...

အချစ်စစ်မှန်ရင်

ရွပ်ရွပ်ချွံချွံ ပဲ  ပေးဆပ်လိုက်မယ် ..... ။     ။






အလင်းရိုင်း

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ