အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Wednesday 9 January 2013

ယောက်ျားတွေ လျှို့ဝှက်ထားတဲ့ စကားတွေ.........

အလွမ်းမင်းသားလေး | 05:32 | Best Blogger Tips

Girl : ဒီတသက် တို့ကိုပဲချစ်မှာလား။
Boy : ဒါပေါ့။ (တစ်ယောက်ဘယ်ကမလဲ)

Girl : တို့မရှိရင် ကို ဘယ်လိုလုပ်မလဲ။

Boy : ငိုမှာပေါ့။ (ပျော်လွန်းလို့)

Girl : တို့ကကိုရဲ့ ရည်းစားဦးလား။
Boy : အင်း။ (ဟုတ်နေဦးမယ်)

Girl : ကိုလိမ်ပြောနေတာလ-း။
Boy : ကျိမ်ဆိုကျိမ်ပါ့မယ်။ (ဒါလိမ်ပြောနေတာပါလို့လေ)

Girl : အိုသွားရင်ကော ချစ်မှာလား။
Boy : နင်မအိုပါဘူး။(ဘယ်တုန်းက ငယ်လို့လဲ)

Girl : ပပ၀တီလိုလှတယ်မလား။
Boy : အင်း။(ဝေးသေး)

Girl : ပင်လယ်ပြင်မှာ ရေတစ်ခွက်ပဲရှိရင် တို့ကိုတိုက်မှာလား။
ကိုရဲ့အမေကိုတိုက် မှာလား။
Boy : ကိုယ့်အမေကိုမတိုက်ပါဘူး။(နင့်ကိုလည်းမတိုက်ဘူး၊ကိုယ့်ဘာသာကိုသောက်မှာ)

Girl : ၀လာလား။
Boy : မ၀ပါဘူး။slim လေးပါ။(အရိုးချည်းပဲ)

Girl : အခု တခြားကောင်လေးက တို့ကိုအရူးအမှုးလိုက်နေရင်ကော။
Boy : ဟင် ဘယ်သူလဲ။ (ကျေးဇူးတင်ကြောင်း- ထမင်းပါခေါ်စားမယ်-
နင့်ကိုလှလှပပပြင်ပြီး လိုက်ပို့ပေးအုန်းမှာ)

Girl : နှောက်နေတာပါ၊ အဲလောက်လဲ စိတ်မလှုပ်ရှားပါနဲ့။
Boy : …………

Girl : ဘာလဲ စိတ်ဆိုးနေလား။
Boy : ဆိုးတာပေါ့ဟာ။ ( တကယ်ဘာလို့မဟုတ်ရတာလဲ)
 
facebook ပေါ်ကဖတ်မိတာလေး မျှဝေတာပါ..

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ