အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Tuesday 8 January 2013

ခိုင်'အတွက် ကဗျာ...

အလွမ်းမင်းသားလေး | 04:33 | Best Blogger Tips



သံယောဇဉ် အမျှင်တန်း
ရစ်တွယ်ယှက်သန်းခဲ့တော့
မလွမ်းပဲရှိပါ့မလား  ခိုင် ....
စွတ်ပျံနေတဲ့ အလွမ်းတစ်စုံ
လေဟုန်မှာဝဲပျံနေတယ်
နွမ်းလျစိတ်နဲ့  တမ်းတမ်းတတလေး
လှမ်းကြည့်လိုက်တာ 
ခိုင် ' ဆိုတဲ့ နာမည်လေး
ရင်ထဲမှာ ထင်ကျန်နေခဲ့တာ
အိပ်တိုင်းမပျော်လို့ 
စိတ်တိုင်းကျ ပုံဖော်ထားတဲ့ 
ဒီကဗျာ လာခံစားကြည့်လှည့်ပါ  ခိုင်
ရေစုန်တိုင်း မမျောသလို
ရင်ခုန်တိုင်း လည်းမချစ်တတ်ဘူး
ခိုင်' ထင်သလိုလည်းမောင် မရှုပ်ဘူးခိုင်'
ပိုင်ဆိုင်တာအားလုံးပေးလိုက်ချင်တယ်
ရင်နဲ့ ရင်းပြီးဖြစ်လာတဲ့  မေတ္တာတစ်စုံ
၁၅၀၀ တန်ဖိုးနဲ့ နှလုံသား
အပိုင်သာ ယူသွားပါတော့ ခိုင်'
တစ်ဘဝတာနီးဖို့ အရေး
ခဏတာ မသိသလိုနေပါရစေ
တကယ်လိုများ ခိုင့်' ရဲ့ အသစ်ကမ္ဘ္ဘာ
အချစ်ရှာမယ်ဆိုလည်း  မေတ္တာသမား
ဒီမောင်က အပြစ်မရှာပဲ ချစ်မြဲချစ်နေဆဲပါ ခိုင် '
ဆန္ဒနဲ့ ထပ်တူ မကျသေးတဲ့  ဒီဘဝထဲ
ခိုင် ရေလို့ ခေါ်ဖို့ ဆိုတာ
အိမ်မက်လိုသာဖြစ် နေတယ် ခိုင်'
မုန်တိုင်းတွေထန်ပြီး ရေပြင်ငြိမ်သက်
လှပတဲ့ တနေ့ 
ကံမကုန်လို့  ပြန်လည်ဆုံဖြစ်ကြရင်
ခိုင်' ရေလို့ တပွေတပိုက် ထွေးပိုက်ရင်း
ရင်ခွင်ထဲ သိမ်းထားချင်တာ မောင်ဆန္ဒပါပဲ  ခိုင် ....
          

 ဖိုးခွားလေး (ကော့မှူးမြို့ )

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ