အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Thursday 21 February 2013

ကြွေပန်းတစ်ပွင့်ရဲ့  ဒိုင်ယာရီ....

အလွမ်းမင်းသားလေး | 02:39 | Best Blogger Tips




မဝေကတည်းက
စောစီးစွာကြွေနေရှာတယ်
မမွှေးခင်ကတည်းက
ရနံပြယ်နေတဲ့  ဒီပန်း
ဒီလမ်းလေးမှာပဲ ခက်နွမ်းနွမ်းရှိနေတယ်

ပညာမစုံသေးပါဘူး
ကြင်ရာစုံချင်နေတယ်ထင်ပါရဲ့ 
အချိန်မတန်သေးတဲ့  ဒီအရွယ်
အိမ်ပြန်ချိန်တွေ နောက်ကျတတ်နေပြီ

အလှဂုဏ်တွေမက်လို့ 
ငွေရဲ့ ကျေးကျွန်အဖြစ်နဲ့ 
တဏှာရမ္မက်တွေကြား စီးမျောရင်း
ဘာသာပျောက်နေတဲ့  မြန်မာမလေးရယ်
ဘဝကိုဈေးကစားတဲ့  မင်းလေးကို အရမ်းနှမျောတယ်

ပန်းကောင်းအညွှန်ချိုးခံရတာမဟုတ်ပဲ
ကိုယ်အညွှန်ကိုချိုးနေသလို
ပန်းတိုင်းမှာ ရနံမရှိပေမယ့်
ပန်းတစ်ပွင့်တိုင်းမှာ ဒိုင်ယာရီဆိုတာရှိတယ်
အစမကောင်းတဲ့ ခဲ့ တဲ့ ဒီပန်း
နောက်ဆုံးကြွေချိန်မှာ နှင်းခြေခြင်းရဲ့ 
ပန်းရိုင်းတစ်ပွင့် မဖြစ်ပါစေနဲ့ လို့ 
ဆုတောင်းနေမိတယ် ပန်းရိုင်းတစ်ပွင့်နဲ့ တူတဲ့ 
ဒိုင်ယာရီထဲက ကောင်မလေးရယ်        ။


            ဖိုးခွားလေး (ကော့မှူးမြို့ )
 

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ