အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Monday 18 February 2013

ဝေးနေချိန်.....

အလွမ်းမင်းသားလေး | 05:34 | Best Blogger Tips


သြော်.....အချစ်ရေ
တို့နှစ်ယောက် ခွဲရတာ
ရက်တွေကြာလို့ နှစ်တွေပြောင်းသွားပြီ....။
အချိန်ဆိုတဲ့ စက်ဝန်းကြီးထဲမှာ
ကိုကိုလေ သဲကိုခွဲပြီး
အလုပ်တွေဘဲ လုပ်နေမိတယ်...။
အတိတ်တွေဆီ
အမြဲတမ်း လွမ်းနေမိတယ်....။
ကောင်းကင်ကြီးကို မော့ကြည့်တိုင်း
အချစ်ရဲ့မျက်နှာလေးကို
မြင်ယောင်နေမိတယ်.......။
"လွမ်းလိုက်တာ.."အချစ်ရယ်
အချိန်ရှိတိုင်း ပြန်ရမဲ့နေ့တွေကို
ရေတွက်နေလျှက်ပါ.......။
"သဲ..."နဲ့ခွဲပြီး
မိုင်းပေါင်းထောင်ချီဝေးတဲ့
ဒေသကိုရောက်နေပေမဲ့
စက္ကန့်တိုင်း စိတ်တွေက
သဲ..ဆီမှာပါ.....။
တို့နှစ်ယောက် ဝေးကွာချိန်လေးမှာ
အမြဲတမ်း သတိရနေတယ်ဆိုရင်
ကိုကို..ပျော်နေမှာပါ..။
 
 

                                                     အောင်အောင်

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ