အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Friday 8 March 2013

၅၂၈ ကိုကျော်လွန်၍...

အလွမ်းမင်းသားလေး | 06:06 | Best Blogger Tips




သူငယ်ချင်းရေ...

ရိုးသားမှုတစ်စုံတစ်ရာအောက်က

ဖုံးကွယ်ထားတဲ့ စူးရှရှမျက်ဝန်းတစ်စုံ

ရင်ခုန်းခြင်းတွေ အတိဖုံးနေတဲ့ 

နင့်ရဲ့  မျက်ဝန်းအိမ်ထဲကို

ငါဘာသာ မပြန်ပါရစေနဲ့ တော့

ခင်မင်လွန်းလို့ ဂရုစိုက်တယ်ဆိုလည်း

သံယောဇဉ်အဆင့် ၅၂၈ လောက်ပဲထားလိုက်ပါ

နင့်ရင်ထဲက ထက်တိုးလာမယ့် သံယောဇဉ် တစ်မျှင်

ငါ့ရင်ထဲမှာလည်း ဒဏ်ရာကြိုးတွေ တစ်ပိုင်းတစ်စ

ဆက်ထုံးတွေနဲ့  မလှမပဖြစ်နေတဲ့ ငါ့ရဲ့ အချစ်ကြိုးနဲ့ 

မင်းနှလုံးသားမှာ ဆက်ထုံး တွေနဲ့  နာကျင်နေမှာ ဆိုးလို့ ပါ

တိုက်စမ်းပါစေ လေ ပူလိုက်စမ်းလေ နေ

ရွာလိုက်စမ်းပါ မိုး  အေးပါစေလေ ဒီဆောင်း

ကြမ်းချင်သလောက်ကြမ်း ဘဝခရီးလမ်းမှာ

ဘယ်အရာတွေ ဘယ်လိုကြုံနေပါစေ

မင်းအနား ရိုးသားစွာ ရှိနေပါစေ

၅၂၈ နဲ့  ထာဝရ သူငယ်ချင်းရေ



ဖိုးခွားလေးေ(ကာ့မှူးမြို့ )

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ