အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Friday 8 March 2013

တိတ်တိတ်လေးပဲလွမ်းသွားမယ်.....

အလွမ်းမင်းသားလေး | 06:36 | Best Blogger Tips





ရင်ထဲ အသည်းထဲက

အပြီးအပိုင် ထုတ်လိုက်ရင်

မလွမ်းတော့ဘူးတဲ့

ဟင့်အင်း

ကိုယ်
ဆက်လွမ်းချင်သေးတယ်
အဲဒီ အလွမ်းတွေကြောင့်

ဟောဒီ ရင်ဘတ်ကြီး

ကြေမွသွားပါစေပေါ့
ဆုံနိုင်ခွင့်မရှိလဲ

ရင်ထဲမှာရှိနေမှတော့

အဲဒါတွေ လိုသေးလို့လား

ဝေ့ဝဲလာတဲ့
မျက်ရည်တွေကို ထိန်းချုပ်

သိမ်းထုပ်ထားတဲ့ အလွမ်းတွေနဲ့

ဆက်လွမ်းမယ်

အလွမ်းပေါ် အလွမ်းဆင့်

အလွမ်းတွေ ရင့်သွားပါစေ
တိတ်တိတ်လေးပဲ လွမ်းသွားမယ်။

2 comments:

  1. အလွမ်းပေါ် အလွမ်းဆင့်
    အလွမ်းတွေ ရင့်သွားပါစေ
    တိတ်တိတ်လေးပဲ လွမ်းသွားမယ်။
    ကောင်းတယ်ဗျာဖတ်မှတ်လေ့လာသွားပါတယ်

    ReplyDelete
  2. အရမ်း​ကောင်းတယ်​ဗျာ

    ReplyDelete

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ