အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Monday 8 April 2013

ထာဝရ လမ်းထဲ...

အလွမ်းမင်းသားလေး | 06:37 | Best Blogger Tips




ချစ်သူ
ငါ  တို့ တူတူ လျှောက်မယ့်
လမ်းကလေး  မဖြောင့်ဖြူးဘူးနော်
လမ်းကောက့်  တွေ  ရှိသလို
လောက ပေးတဲ့ ဒဏ်တွေက
နည်းနည်းကြမ်းမယ်

ချစ်သူ  နေနိုင်မလား
ငါ့ ဘေးနား  အချစ်ရှိယုံနဲ့ 
မပြည့်စုံတဲ့   ဘဝ
ချစ်သူ တစ်နေ့  စိတ်ပျက်နေမလား
မဝေး ချင်ဘူးလေ
ငါ ...လဲသိပ့်ချစ်နေမိလို့ 

ချစ်သူ ပေးတဲ့ 
အချစ်တွေ  နဲ့     ငါ့ကမ္ဘာ
ခုချိန်မှာ  သာယာနေတယ်ကွယ်
နေချင် ခဲ့တယ်
အချိန်ရှိသမျှပေါ့
ချစ်သူအနား  ဘယ်သူခွဲနေချင်  မလဲ
ငါ  လဲ စိတ်နဲ့   လူသားတစ်ဦပဲ
ချစ်လျှက် နဲ့   ဝေးနေရတာ
ဒီရင်ဘတ် ထဲ
အလွမ်းတွေက  ရင့်ရင့်သီးသီး
ဖိစီး ခဲ့ကြတယ်

သိပ့်မကြာခင်  ပြန်ဆုံရတော့မယ်
နေသာမယ့်   အချိန်  လေးထဲမှာ
ငါစောင့်  နေမယ်နော်
နှစ်ယောက် ကမ္ဘာ ဆိုတာ
စိတ်ကူးနဲ့   အိမ်မက်မှာပဲ
သာယာ  တယ် ချစ်သူရဲ့ 
လက်တွေ့ မှာ   ငါ  နဲ့   ချစ်သူ
ရန်ဖြစ်လိုက်  ပြန်ချစ်လိုက်နဲ့ 
တစ်နေ့   နည်းနည်း ဆီ
နားလည်မှု့  တွေ
ညှိ ယူခဲ့ရတာ  ချစ်သူ အသိပါ

အရင်လိုပဲ
ချစ်နေဆဲ  မို့ 
အရင်လိုပဲ  ချစ်သူအပေါ်
ငါ့  စိတ်လေးတွေ   နစ့်  နေဆဲပေါ့
တွေးမပူ နဲ့ 
ဘာပဲ  ဖြစ်ဖြစ်  တို့ နှစ်ယောက်
ထာဝရ  နီးရစေမယ်   ချစ်သူ.................

 ရင်ဘတ်ထဲက        ချစ်သူ အတွက်.........



                      ညအက္ခရာ

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ