အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Monday 8 April 2013

iOS 5 Zawgyi Keyboard သွင်းတာ keyboard မှာ မြန်မာစာမပေါ်ဘဲ “???” တွေပေါ်နေလား...

အလွမ်းမင်းသားလေး | 06:53 | Best Blogger Tips


မှာ မြန်မာစာကီးဘုတ်ရပါပြီ ။ မြန်မာစာရိုက်မရလို့ စိတ်ပျက်နေကြတဲ့ iPhone/Pad/Pod touch အသုံးပြုသူတွေလည်း ဒီသတင်းကိုကြားတော့ အားရ၀မ်းသာနဲ့ သွင်းနည်းတွေကိုဖတ်ပြီးလုပ်ကြတာပေါ့။ ဒါပေမယ့်Zawgyi Keyboard လည်းသွင်းပြီးပြီ ဒါပေမယ့် keyboard မှာ မြန်မာစာမပေါ်ဘဲ “???” တွေပေါ်နေကြတာမျိုး တစ်ချို့ဖြစ်ကြပါတယ်။ ဒီလို “???” တွေပေါ်ရတဲ့အကြောင်းအရင်းက အခုကီးဘုတ်နဲ့ Zawgyi Font Package
မကိုက်တာ(သို့)မှားယွင်းနေလို့ပါ။ အဲဒီအတွက်ကို MM Keyboard Developer ကိုမိုးစက်က ဖြေရှင်းနည်းကိုပြောပြထားပါတယ်။
Solution

MM Keyboard နဲ့တွဲဖက်သုံးစွဲရမယ့် ဇော်ဂျီဖောင့် Package က Zawgyi iOS 4.3 Font (Zawgyi iOS font for iOS 4.0 or Later) ဖြစ်ပါတယ်။ အဲဒီ Package ကိုသွင်းရမှာပါ။



တကယ်လို့ Font Package သွင်းထားတာမှားယွင်းနေတယ်(သို့မဟုတ်) ကီးဘုတ်မှာ မြန်မာစာမပေါ်ဘဲ “?” တွေပေါ်နေတယ်ဆိုရင်တော့ လက်ရှိသွင်းထားတဲ့ Font Package ကို Uninstall လုပ်ရပါမယ်။ Font Package ကို uninstall လုပ်ဖို့အတွက် Cydia ရဲ့ ” http://cydia.macforus.com ” Source ထဲက
Zawgyi Font iOS Uninstaller ကိုသွင်းရပါမယ်။
Uninstaller ကိုသွင်းပြီးသွားရင် စက်က သူ့ဘာသာသူ respring လုပ်ပါလိမ့်မယ်။ ပြန်တက်လာပြီဆိုရင် Cydia ရဲ့ ” http://cydia.macforus.com ” Source ထဲက Zawgyi iOS 4.3 Font (Zawgyi iOS font for iOS 4.0 or Later)ကိုသွင်းရမှာဖြစ်ပါတယ်။
ဒါဆိုရင် Keyboard “??” ပေါ်တဲ့ပြဿနာ ပြေလည်သွားပါမယ်။ စမ်းကြည့်လိုက်ကြပါဦး။

ဘလော့ရေးသားသူ။      ။သန်းနိုင်ဦး
 


No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ