အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Wednesday 8 May 2013

Windows 8 တွင် Internet အသုံးပြုရန်အတွက် မြန်မာစာစနစ် Zawgyi-One Fonts အသုံးပြုနည်း ...

အလွမ်းမင်းသားလေး | 04:04 | Best Blogger Tips


  ဒီနေ့တော့ TRA-Myanmar ရဲ့မိတ်ဆွေတွေကို Microsoft Company ရဲ့ နောက်ဆုံးထုတ် Windows ဖြစ်တဲ့ Windows 8 မှာ Zawgyi Fonts အသုံးပြုနည်းကို ဖေါ်ပြပေးလိုက်ပါတယ်။ ကျွန်တော်တို့ Windows XP တို့ Windows 7 တို့မှာ Internet အသုံးပြုတဲ့အခါ မြန်မာလို ဖတ်ရဖို့နဲ့ မြန်မာလို ရေးရဖို့အတွက် Zawgyi Fonts သုံးရတာ အဆင်ပြေပေမဲ့ Windows 8 မှာကျတော့ အခက်အခဲ တချို့ ရှိလာတာကို တွေ့ရပါတယ်။ ဥပမာ - Gtalk Program ကိုသုံးပြီး Chatting ထိုင်တဲ့အခါမှာ တဖက်လူက ပြောတာကို မြင်ရပြီး ကိုယ်က စာပြန်ရိုက်တဲ့အခါ လေးထောင့် တုံးတွေ ပေါ်နေတာမျိုးတွေ ဖြစ်တက်ပါတယ်။ (မှတ်ချက်။ ။ Windows 7 မှာလဲ ဖြစ်တက်ပါတယ်)
 
 
Windows 8 ကို Microsoft က အသုံးပြုသူ User တွေအတွက် များစွာသော ပြောင်းလဲမှုတွေ ပြုလုပ်လိုက်တဲ့အတွက် Computer နဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားသူတွေအတွက် အရမ်းကြီး ခက်ခဲမှု မရှိပေမဲ့ user အသစ်တွေအတွက်တော့ အခက်အခဲ တချို့ ရှိနေတာကို တွေ့ရပါတယ်။ အဲဒီအတွက် ကျွန်တော် ဒီ Post ကို တင်လိုက်တာပါ။

Windows 8 တွင် Zawgyi Fonts အသုံးပြုနိုင်ဖို့အတွက် ကျွန်တော် တင်ပေးထားတဲ့ Installer ကို အရင်ဆုံး Download ဆွဲဖို့ လိုအပ်ပါတယ်။

ပထမဆုံးအနေနဲ့ အောက်မှာ ကျွန်တော်ပေးထားတဲ့ Zawgyi Fonts ကို Download ချလိုက်ပါ။ 32 Bits နဲ့ 64 Bits နှစ်မျိုးထဲက မိမိ Computer OS ပေါ်မူတည်ပြီး အဆင်ပြေတာကို download ဆွဲလိုက်ပါ။


For Zawgyi Fonts 32 Bits

32 bits Windows ကိုအသုံးပြုထားတဲ့ user များအတွက် အပေါ်က ကျွန်တော်ပေးထားတဲ့ Link ကနေ Download ကိုနှိပ်ပြီး Save File ကို နှိပ်ပါ။
အပေါ်ကပုံအတိုင်း Download လုပ်ပြီးလို့ Mozilla Download Windows ကျလာရင် အဲဒီ File ပေါ်ကို Right Click နှိပ်ပြီး Open Containing Folder ကိုနှိပ်ပါ။ ၄င်း Download file တည်ရှိရာ နေရာကို ရောက်သွားပါမယ်။
အဲဒီကမှ  ZFK-EG-WC.exe ကို Double Click နှိပ်ပါ။ တစ်ချို့ computer တွေမှာ Windows ရဲ့ User Account Control ကြောင့် yes (or) No Box ကျလာတက်ပါတယ်။ Yes လို့ပြောပေးလိုက်ပါ။ ပြီးရင်တော့ Zawgyi Installation Wizard ကျလာပါလိမ့်မယ်။ အရမ်းလွယ်တဲ့အတွက် ပုံနဲ့ မပြတော့ပါဘူး။ next, Cancel , Install အဲဒါတွေပဲ ပါတာပါ။
Install လုပ်ပြီးသွားရင်တော့ Computer ကို Restart ကျသွားပါလိမ့်မယ်။ ပြန်တက်လာတဲ့ အခါ Zawgyi Fonts သုံးလို့ ရသွားပါပြီ။ English နဲ့ Myanmar ကို Keyboard ကနေ Ctrl + Shift Key ကို တွဲနှိပ်ပြီး အပြောင်းအလဲလုပ် အသုံးပြုနိုင်ပါတယ်။

For Zawgyi Fonts 64 Bits

64 Bits User တွေအတွက်ကတော့ အပေါ်က ကျွန်တော်တင်ပေးထားတဲ့ Link ကနေ Download ချလိုက်ပါ။ ပြီးသွားရင် Download ချထားတဲ့ Folder လေးထဲက 32 bits ကိုအရင် Install လုပ်လိုက်ပါ။ ပြီးသွားရင် 64 bits Folder ထဲက Install_me ဆိုတဲ့ exe File လေးကို Install လုပ်ပေးလိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။ computer ကို restart ချပေးဖို့ လိုအပ်ခဲ့ရင်လဲ restart ချပေးလိုက်ပါ။ တစ်ချို့ computer တွေကတော့ restart ချစရာ မလိုပါဘူး။

သာမှန်အားဖြင့်တော့ ဒီလောက်ဆိုရင် အိုကေပါပြီ။ ဒါပေမဲ့ တချို့ အဆင်မပြေတဲ့သူတွေအတွက်တော့ အောက်ပါ အဆင့်တွေကို ထပ်လုပ်ပေးဖို့ လိုအပ်ပါတယ်။

Step (1) Control Panel ထဲကို သွားလိုက်ပါ။ Windows 8 မှာ Control Panel ဘယ်မှာနေမှန်း ရှာလို့ မတွေ့ဖြစ်နေသူတွေ အတွက်တော့ အလွယ်ဆုံး နည်းနှစ်ခုကို ပြောပြပေးပါ့မယ်။ အဆင်ပြေမဲ့ နည်းကို သုံးလိုက်ပါ။

ပထမနည်း

Desktop ပေါ်မှာ Right Click နှိပ်ပြီး Personalize ကို နှိပ်လိုက်ပါ။ Windows 7 မှာလိုပါပဲ Desktop background တို့ဘာတို့ ဟိုကလိ ဒီကလိ လုပ်တဲ့ Box တစ်ခု ပွင့်လာပါလိမ့်မယ်။ အဲဒီမှာ ဘယ်ဘက်အပေါ်ထောင့်မှာ Control Panel Home ဆိုတာ ရှိပါတယ်။ အဲဒါကို နှိပ်လိုက်ရင် Control Panel ထဲကို ရောက်သွားပါလိမ့်မယ်။

ဒုတိယနည်း

ဒီနည်းကတော့ ဖြတ်လမ်းနည်းပါ။ Keyboard ကနေ Windows Key နဲ့ R နဲ့တွဲနှိပ်ပြီး Run Box ကိုခေါ်လိုက်ပါ။ အဲဒီကမှ control လို့ ရိုက်ပြီး OK နှိပ်လိုက်ရင် Control Panel ကို ရောက်သွားပါလိမ့်မယ်။

Step (2) Control Panel ထဲကို ရောက်ရင် Language ကို သွားလိုက်ပါ။ ပုံမှာ ၀ိုင်းပြထားတဲ့အတိုင်း အပေါ်ထောင့်က View By ဆိုတာကို သတိပြုပါ။ တခါတလေမှာ View By ဆိုတဲ့ နေရာက Category ဆိုပြီး ဖြစ်နေခဲ့ရင် သိပ်မရင်းနှီးသေးတဲ့သူတွေအတွက် Language ဆိုတာ ဘယ်နားမှာလဲ ဆိုတာမျိုး မျက်စိလှည်သွားနိုင်ပါတယ်။
Step (3) ဒီမှာတော့ Language ထဲက Advance Setting ကို ထပ်ပြီး Click နှိပ်လိုက်ပါ။
Step (4) Override for default input method ဆိုတာရဲ့ အောက်မှာ Use Language List (recommended) ဆိုတာကို နှိပ်ပြီး English (United States) – Zawgyi Myanmar Unicode ဆိုတာကို ရွှေးပေးလိုက်ပါ။ ပြီးရင်တော့ Save ကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ အဆင်ပြေသွားပါပြီ ။ Windows 8 မှာ zawgyi fonts အသုံးပြုလို့ အဆင်ပြေသွားပြီ ဖြစ်ပါတယ်။
 Gtalk မှာ စာရိုက်လိုက်တဲ့အခါ လေးထောင့်တုံးတွေ ဖြစ်နေတယ်ဆိုရင်
ဖြစ်တော့ ဖြစ်ခဲပါတယ်။ ဒါပေမဲ့ ဖြစ်တက်ပါတယ်။ Zawgyi Fonts တော့ သွင်းထားလိုက်တာပဲ။ ဒါပေမဲ့ Gtalk ပြောတဲ့အခါ လေးထောင့်တုံးတွေ ပေါ်နေတယ်ဆိုရင် အောက်မှာ ကျွန်တော်ပြောတဲ့ အတိုင်း လုပ်ကြည့်လိုက်ပါ။
Step (1) Gtalk ရဲ့ Settings ထဲက Fonts မှာ Zawgyi One ကို ရွှေးထားပေးပါ။
Step (2) Internet Explorer ကို ဖွင့်ပါ။ Internet Option ထဲကို သွားပါ။ Option Box ကျလာခဲ့ရင် General ရဲ့ အောက်မှာ Fonts ဆိုတာကို ရှာပါ။ အဲဒီမှာ Zawgyi One ကို ပြောင်းထားပေးလိုက်ပါ။ ပြီးရင်တော့ OK ပေါ့။
ဒါဆိုရင်တော့ အဆင်ပြေသွားပါပြီ။ Gtalk ကို ဖွင့်ပြီး Chatting ပြန်ထိုင်ကြည့်ပါ။ လေးထောင့်တုံးတွေ ဖြစ်ခြင်းမှ ကင်းဝေးသွားပါလိမ့်မယ်။
အားလုံးပဲ အဆင်ပြေကြပါစေဗျာ .. လေးစားစွာဖြင့် .. 
TRA-Myanmarကနေပြီးပြန်ရှယ်ပေးတာပါနော်
                                                 


                                                   လွမ်းဦးမောင်(မြောင်းမြသားလေး)


No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ