အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Thursday 27 June 2013

ခက်ခဲခြင်းကင်းစွာ...

အလွမ်းမင်းသားလေး | 09:03 | Best Blogger Tips



                                                    







ဟိုဝေးဝေးမှာ

ကွေ့ကောက်တဲ့မြစ်တစင်း

ဒါဟာ ဘ၀ ဆိုရင်

လှေငယ်လေးနဲ့ တံငါသည်ဟာ

ငါပဲပေါ့ ။

လှေဘယ်လိုလူးလူး

လှိုင်းဘယ်လိုမူးမူး

တတ် နဲ့ ရှေ့ဆက်လို့

အကြီးမားဆုံး လှိုင်းဆိုတာ

ငါ့လှေအောက်မှာပါကွယ်။







ဟိုရှေ့မှာ သစ်တပင်

ဒါဟာဘ၀ဆိုရင်
 
ငှက်တကောင်ဟာ

ငါပေါ့ကွယ်

ကိုင်းဘယ်လောက်ရိုက်ရိုက်

လေ ဘယ်လောက်တိုက်တိုက်

ဟိုးထိပ်ဆုံးက အကိုင်းခက်မှာ

ငါနားမယ်။

ငါဟာ

အဆုံးအစမရှိတဲ့ လုံ့လ ၀ီရိယတွေ

ကြိုးစားအားထုတ်မှုတွေနဲ့

ငါ့ဘ၀ ကို ပူလောင်ခြင်းကင်းစွာ

ခရီးဆက်မယ်။

သွားမယ်ကွယ်

ဟိုအဝေးဆုံး

ပူလောင်ခြင်းကင်းတဲ့

လောကကြီးဆီပေါ့

ထားခဲ့ကွယ်

အတိတ်ခါးခါးတွေ

အနာဂတ်လှပဖို့

တို့တွေ ထုဆစ်ကြမယ်လေ

လာပါကွယ်

လှည့်ကြည့်မနေပါနဲ့

ခါးသီးတဲ့ ဘဝ

ရိုက်ပုတ်တဲ့လောကဓံ

တို့တွေ ကြံ့ကြံ့ခံခဲ့ပြီပဲ

ဟိုရှေ့မှာ ငွေလသာ

ရောင်ခြည်ဖြာလို့

တို့အလာကို စောင့်မျှော်နေဟန်

လိုရာတွေးလို့

ရှေ့ဆက်လျှောက်မယ်ကွယ်

အကောင်းတွေရောက်လာမှာပေါ့

တို့တွေ 

အကောင်းဆုံး ကြိုးစားခဲ့ပြီပဲ

လိုအပ်ချက်တွေ 

မရှိပါဘူးကွယ်

တို့တွေ ဖြည့်ဆည်းခဲ့ပြီပဲ

သွားစို့ကွယ်

ဟိုဝေးဝေးမှာ

မျှော်လင့်ခြင်းကောင်းကင်

ရောင်နီသန်းလို့

တို့အလာကို စောင့်နေလေရဲ့။


                                             Thaepon

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ