အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Monday 24 June 2013

♥#♥#မက်မောစွာ#♥#♥...

အလွမ်းမင်းသားလေး | 05:21 | Best Blogger Tips

Photo: <3#<3#မက်မောစွာ#<3#<3

နမ်းရှိုက်ခွင့် မရဖူးတဲ့
နှုပ်ခမ်း တစ်စုံရဲ့  
စကားလုံး လှလှလေးတွေ ကြောင့်.....

ငါ ခဏ ခဏ လွမ်းနေမိတယ်
မင်း....မသိတဲ့  အဝေးတစ်နေရာက 
ဟော့ ဒိ လူတစ်ယောက်မှာ ရင်ဘက်ကြီးက လွမ်းနေရတယ်ဗျ........

ရင်ခုန်ခြင်းက  အချစ်ဆိုရင်
နင့် မှာ အသည်းနှလုံးမပါလာတာလား
ငါ လည်း စက်ရုပ် လူသားဖြစ်ချင်လိုက်တာ......

နင် ရင်မခုန်တက်သလို..........
ငါလည်း မတုန်လှုပ်တဲ့  နှလုံးသားတစ်စုံ ပိုင်ဆိုင်ထားချင်တယ်...........

တူညီခြင်းတွေ ထပ်တူမျှဖို့  ဆိုတာ ဘာကိုဆိုလို တာလဲ မခံစားတက်တော့အောင် ထုံအ နေခဲ့တာလား....?

ပေးဆပ်ခြင်း အချစ်တိုင်းက တူညီတဲ့ ရလာဒ်ကောင်းပြန်မလာပါဘူးလေ
နောက်ဆုံးတော့............တစ်ဖက်သတ် ကြင်နာခြင်းတွေက
ပြန်ရလိုက်တဲ့  နာကျင်ခြင်းတွေပဲ.......

မက်မောစွာ သိမ်းထားနေရတာပါပဲ.......။

<3Kabyarchitthulay<3
20.6.2013......6:52PM

<Kabyarchitthulay♥
20.6.2013......6:52PM

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ