အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Monday 22 July 2013

အပြစ်မတင်ပါနဲ့...

အလွမ်းမင်းသားလေး | 07:27 | Best Blogger Tips




 ချစ်သူရေ.....
မင်းနဲ့ဝေးကွာခဲ့တဲ့နောက်
ရင်ခုန်လိုက်တိုင်းသတိရမိတာ
ငါ့ရဲ့....အပြစ်တစ်ခုတဲ့လား။
နားလည်မှုလွဲမှားခဲ့တဲ့
စကားလေးတစ်ခွန်းကြောင့်
မင်းနဲ့ငါ
ဝေးကွာခဲ့ပေမယ့်
ငါ့ရင်ခုန်သံစည်းချက်တိုင်းမှာ
မင်းနာမည်လေးကိုရွတ်ဆိုနေမိတယ်။
ဟိုအရင်က
အရာတွေကိုသတိရမိတိုင်း
မင်းရဲ့ပုံရိပ်တွေက
ငါ့ရင်ဘတ်ထဲကိုတိုးဝင်နေဆဲပါချစ်သူ...။
အလွှာခြားနေတဲ့
နှလုံးသားနှစ်ခုကိုပေါင်းစပ်ဖို့အတွက်
ငါတို့ရဲ့အချစ်တစ်ခုတည်းနဲ့
မပြည့်စုံနိုင်ဘူးဆိုတာ
မင်းသိအောင်
ငါဘယ်လိုပြောပြရမလဲကောင်မလေးရယ်။
အဲဒီအတွက်...
ငါမင်းကိုအရမ်းသတိရတယ်ချစ်သူ...။
မင်းနားလည်အောင်
ရှင်းမပြနိုင်ခဲ့တဲ့
ငါ့ကိုယ်ငါပဲအပြစ်တင်ရမလား
ဒါမှမဟုတ်
အလွှာခြားနေတဲ့
နှလုံးသားနှစ်ခုကိုပေါင်းစပ်ပေးခဲ့တဲ့
အချစ်ဆိုတဲ့အရာကိုပဲအပြစ်တင်ရမလား
ငါ...မဝေခွဲတတ်ခဲ့ဘူးချစ်သူ။
အဲဒီအရာနှစ်ခုရဲ့ကြားမှာ
ငါ့ရဲ့အချစ်တွေက
မင်းအတွက်.....
ထာဝရသစ်လွင်နေဆဲပါချစ်သူ။
ရင်ခုန်သံစည်းချက်တိုင်းမှာ
မင်းကိုသတိရမိတဲ့ ငါ့ရဲ့....
စိတ်တွေကိုအပြစ်မတင်ပါနဲ့ချစ်သူရယ်...။

                                                    

                                                      အောင်ကိုမင်း


No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ