အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Friday 26 July 2013

မျက်ရည် စ များ နဲ့  ကျမ...

အလွမ်းမင်းသားလေး | 06:22 | Best Blogger Tips



သက်ပျင်း ကို ဖွဖွ ချ
စိတ်  အမောရယ် ပြေစမ်းပါ..............လို့ 
ကျမ  တိုးတိုးလေး ဆုတောင်းမိတယ်
အိပ်မရလို့   ကဗျာ  တွေ
ကောက်ချရေးမိပါတယ်
အလွမ်းတွေ နဲ့  ပဲ
ကျမ  အိပ့်ခန်းလေး မွန်းကျပ်နေခဲ့တာ
ချစ်သူ ရယ်...........
ရင်ထဲ အမော တွေ
အရမ်းကြမ်းတယ်   ဟာ..........


ချစ်သူ အတွက်  ကျမ  တွေးပူ ခဲ့ လို့ 
မျက်ရည် စ နဲ့ 
ကျမ  အိပ်ရာ  ၀င်ဖြစ်တဲ့  ညတွေကို
စာနာ တတ် မယ်ဆိုရင်
ကျမ ကို ခဏ  လောက် လှည့်ကြည့်ပေးပါ
မပြယ်သော  ချစ်စိတ်တို့  နဲ့ 
ချစ်သူ အတွေး ထဲ  ကျမ  ဆိုတဲ့ 
ကျမ     အမြဲရှိနေပေးပါနော်.........





                                                       






1 comment:

  1. ဘယ်တော့မှ ကျမ ဆီပြန်မလာတော့ မယ့်လူ တစ်ယောက်ကို ကျမ မျှော်နေမိသေးတယ်..
    I miz You ဆိုတဲ့ နင့် ဆီက msg ဘယ်တော့ မှ ငါဖတ်ခွင့်ရတော့ မှာ မဟုတ်ဘူး...ဆိုတာသိရဲ့သားနဲ့ ...
    ငါကိုအိမ်မက်မက်သေးလားလို့ .. ခဏခဏ မေးတတ်တဲ့ နင့်ကြောင့် ငါ့အိမ်မက်တွေက နင့် ကိုရင်းနှီးနေကြပြီ....
    နင့် အနားမှာ အမြဲ နေခွင့်ရတော့မယ့် နင့်ရဲ့ လက်တွဲဖော်ကို ငါမှာပါရစေ..
    သူကို့ ဂရုစိုက်ပေးပါ .. သူကလေ သူဟောတဲ့ တရားတွေ .. သူပြောတဲ့ စကားတွေ ကိုနားထောင်ပေးမှ စိတ်ချမ်းသာတာ..
    သူထမင်းစားဖို့ ကို လည်း အနားမှာနေပြီး.. သတိပေးပေးပါနော် ....
    သူရေးတဲ့ စာတွေ ကို ဝေဖန်ပေးတာ သူကြိုက်တတ်တယ် ...
    သူမှားတယ်ဆိုရင်လည်း.. သူ့ ကို မဆူပါနဲ့ နော် .. မှားမှား မှန်မှန် ..သူ့ ဘက်က ရပ်တည်ပေးတာကိုပဲ သူကလိုချင်တာ...
    သူလန့်နိုးတဲ့ အချိန်မှာ သူ့ ရဲ့ လက်ကို ဖွဖွ လေး ဆုပ်ကိုင်ထားပေးပါ .. ဒါဆိုရင်သူနှစ်ခြိုက်စွာ နဲ့ ပြန်အိပ်ပျော်လိမ့်မယ် ... .. ကျေးဇူးပြု ပြီး ကျမကိုယ်စား သူ့ကို ဂရုစိုက်ပေးပါနော် ..

    ReplyDelete

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ