အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Thursday 1 August 2013

ငါတို့ တွေ့ ရဖို့ နေ့ ရက်လေးတွေနီးလာပြီနော်...

အလွမ်းမင်းသားလေး | 07:36 | Best Blogger Tips



 Photo: ငါတို့  
တွေ့ရဖို့ အတွက် တရက်ထက်တရက်
နေ့ရက်လေးတွေ   နီးလာပြီ....

ငါတို့  
လွမ်းလို့  ကျရတဲ့  မျက်ရည်ကလေးတွေ အဆုံးသတ်ဖို့  
အချိန်လေးတွေ  နီးလာပြီ...........

နင့်ကိုတွေ့ရင် အလှဆုံးဖြစ်အောင် နေဖို့ 
အလှလေးတွေပြင်ဆင်တက်လာပြီ.....

နင်နဲ့ တွေ့ရင်  ငါဘယ်လောက်ချစ်တာ ပြောပြဖို့ 
စကားလုံးတွေ စာစီတက်လာပြီ.........

နင်နဲ့ ဆုံရင်  ရုပ်ရှင်တွေ အတူတူကြည့်ကျမယ်လို့ 
စိတ်ကူးတက်လာပြီ

နင်နဲ့ ဆိုရင်  နေရာတော်တော်များများ လျှောက်သွားကြမယ်လို့ 
မျှော်လင့်တက်လာပြီ

ဆန်းတော့  ဆန်းသား
တခါမှ အပြင်မှာ မဆုံဖူးတဲ့  ချစ်သူကို
တဘ၀လုံး အတွက်ရွေးချယ်ပြင်ဆင်ထားခဲ့ မိတာ  .....
ငါမှားလားချစ်သူ...............

ဟင့်အင်
အချစ်မှာ မျက်စေ့မရှိဘူးဆိုတာ 
နင့်ကို ချစ်ပြီးမှ ငါ ယုံကြည်ခဲ့ မိတာပါဟာ.....


(ပုံရိပ်စစ်)
 
ငါတို့  
တွေ့ရဖို့ အတွက် တရက်ထက်တရက်
နေ့ရက်လေးတွေ နီးလာပြီ....

ငါတို့  
လွမ်းလို့  ကျရတဲ့  မျက်ရည်ကလေးတွေ အဆုံးသတ်ဖို့  
အချိန်လေးတွေ နီးလာပြီ...........

နင့်ကိုတွေ့ရင် အကောင်းဆုံးဖြစ်အောင် နေဖို့ 
ပြင်ဆင်တက်လာပြီ.....

နင်နဲ့ တွေ့ရင် ငါဘယ်လောက်ချစ်တာ ပြောပြဖို့ 
စကားလုံးတွေ စာစီတက်လာပြီ.........

နင်နဲ့ ဆုံရင်  ဘယ်နေရာမဆို အတူတူလျှောက်သွားကျမယ်လို့ 
စိတ်ကူးတက်လာပြီ

နင်နဲ့ ဆိုရင် နေရာတော်တော်များများ လျှောက်သွားကြမယ်လို့ 
မျှော်လင့်တက်လာပြီ

ဆန်းတော့  ဆန်းသား
တခါမှ အပြင်မှာ မဆုံဖူးတဲ့  ချစ်သူကို
တဘ၀လုံး အတွက်ရွေးချယ်ပြင်ဆင်ထားခဲ့ မိတာ .....
ငါမှားလားချစ်သူ...............

မဟုတ်ဘူး...
အချစ်မှာ မျက်စေ့မရှိဘူးဆိုတာ 
နင့်ကို ချစ်ပြီးမှ ငါ ယုံကြည်ခဲ့ မိတာပါဟာ.....
 
 
                                                                                      Lamin Maung
 
 

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ