အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Friday 2 August 2013

PhotoShop Software ဖြင့် ဆံပင်အရောင်ကို လွယ်ကူစွာပြောင်းခြင်း ...

အလွမ်းမင်းသားလေး | 07:58 | Best Blogger Tips



Photoshop Software ဖြင့် ဆံပင်အရောင်ကို အောက်ဖော်ပြပါအဆင့်ဆင့်အတိုင်း အလွယ်တကူ အရောင်ပြောင်းပေးနိုင်ပါတယ်။
အဆင့်(၁)
မိမိဆံပင်အရောင်ပြောင်းလိုသောပုံကို ဖွင့်လိုက်ပါမယ်။


အဆင့်(၂)
Create a new layer ကို Click ပြုလုပ်ပြီး New Layer Layer 1 တစ်ခု ပြုလုပ်ပါမယ်။


အဆင့်(၃)
 

Tool Bar မှ  Brush Tool (B) ကို ယူပြီး ပုံတွင်ပြထားသည့်အတိုင်း Size ကို ရွေးချယ်ပါမယ်။



အဆင့်(၄)
ပုံတွင်ပြထားသည့်အတိုင်း Brush Tool ဖြင့် ဆံပင်များကို ဆေးခြယ်လိုက်ပါမယ်။


အဆင့်(၅)
ပုံတွင်ပြထားသည့်အတိုင်း Layers အောက်ရှိ Drop Down List ကို Click ပြုလုပ်ပြီး Normal မှ Soft Light ကို ရွေးချယ်လိုက်ပါမယ်။
အဆင့်(၆)
Soft Light ကို Click ပြုလိုက်သောအခါ ဆံပင်များဟာ အောက်ဖော်ပြပါပုံအတိုင်း ဖြစ်သွားပါလိမ့်မယ်။
ပုံတွင်ပြထားသည့်အတိုင်း Image>>>Adjustments>>>Hue/Saturation ကို Click ပြုလုပ်လိုက်လျှင် အောက်ဖော်ပြပါ Dialog Box ပေါ်လာပါလိမ့်မယ်။
အဆင့်(၇)
ပုံတွင်ပြထားသည့်အတိုင်း Dialog Box တွင် Colorize Check Box ကို Tick ပြုလုပ်ပေးပါမယ်။
အဆင့်(၈)
Dialog Box မှာ Hue, Saturation နဲ့  Lightness တို့ ကို အတိုးအလျှော့ပြုလုပ်ပေးခြင်းဖြင့် ဆံပင်အရောင်ကို အောက်ဖော်ပြပါပုံများအတိုင်း လွယ်ကူစွာ ပြောင်းပေးနိုင်ပါတယ်။


ကွန်ပျူတာကို အသုံးပြု၍ နည်းပညာများ တတ်ကျွမ်းနိုင်ကြပါစေ။
 
 
                                                       လွမ်းဧကရီ 


No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ