အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Sunday 30 December 2012

ဒီဇင်ဘာ ရဲ့ ညတစ်ညမှာ...

အလွမ်းမင်းသားလေး | 05:15 | Best Blogger Tips


ဒီဇင်ဘာရဲ့ ညတစ်ညမှာပေါ့..
မာန တွေကိုခွါချ..
သိက္ခာတွေကို ဟာသလုပ်ခံရဖူးတယ်...။

နှင်းမကျတဲ့ ဆောင်းတစ်ညမှာပေါ့...
အထင်းသားလို့ ထင်မှတ်ခဲ့တဲ့ 
သူ့ အကြင်နာတွေ..
ပြတင်းတံခါး လေတစ်ချပ်အတိုးမှာ..
အခိုးအငွေ့ အလား ပျောက်ကွယ်သွားခဲ့ဖူးတယ်...။

မိုးမကျတဲ့ အဲ့ဒီညမှာပေါ့...
ငါဆိုတဲ့  ကမာကောင်လေးက..
ပုလဲတစ်ပွင့် ငါမွေးထုတ်ခဲ့ဖူးတယ်..။

လမသာတဲ့ ညတစ်ညမှာပေါ့..
၁၅၀၀ ကိုအပေးခံရလိုက်..
ပြန်ရုတ်သိမ်းခံရလိုက်နဲ့ ..
ငါ အန်ထုတ်ထားတဲ့ အချစ်တွေ
ပြန်အသွပ်သွင်းခံရဖူးတယ်...။

အေးချမ်းလှတဲ့ ဆောင်းတစ်ညမှာပေါ့..
မဖြစ်နိုင် ဆိုတဲ့ စကားတစ်ခွန်းနဲ့ ..
တမြိုက်မြိုက်နဲ့ ငါလောင်ကျွမ်းခဲ့ဖူးတယ်..။

သူ့ အတွက် မနက်...
ငါ့အတွက် ည ဖြစ်ခဲ့တဲ့ အဲ့ဒီညမှာပေါ့..
ငါ ပျိုးခဲ့တဲ့ မျှော်လင့်ခြင်းသစ်ပင်..
အမြစ်က ဆွဲနုတ်.. အမှိုက်ပုံးထဲ
လွှင့်ပစ်ခံရဖူးတယ်...။

အေးချမ်းခြင်းနဲ့ ပူလောင်ခြင်း...
ချိုမြိန်ခြင်းနဲ့ ခါးသီးခြင်း...
အချစ်နဲ့ အမုန်း...
ဒွန်တွဲနေခဲ့တဲ့ ...
အဲ့ဒီ ဒီဇင်ဘာ ညတစ်ည...
ငါ့ဘ၀အတွက် အမှတ်တရ တစ်ခုအဖြစ်...
ငါ မှတ်တမ်းတင်ခဲ့မိတယ်...
အဲ့ဒီည ချမ်းလေးမှာပေါ့....။
 
 
ချင်းမလေး

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ