အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏
Tuesday 29 January 2013
အလွမ်းများရဲ့နောက်တစ်မျက်နှာ ...
အလွမ်းမင်းသားလေး | 07:29 | Best Blogger Tips
မောင်နဲ့ ချစ်သူဖြစ်ခဲ့ရတဲ့ရက်တွေ ပျော်သလား?
မငဲ့ညှာတန်း ၀န်ခံရရင်
မပျော်ခဲ့ပါဘူးချစ်သူ..
အမြဲတမ်းပြဿနာနဲ့ ရန်လိုနေတဲ့နင့်ကို
ငါမှန်ပေမဲ့ အမြဲတောင်းပန်နေခဲ့ပါတယ်..
ငါ့ရင်ထဲ ဘာဖြစ်သလဲဆိုရင်
ခွင့်လွှတ်ပေးနိုင်ဖို့ ငါ့ကိုယ်ငါ ဖြေသိမ့်ခဲ့ပါတယ်..
ဒီပေးဆပ်ခြင်းတွေအတွက်
နင်ပြန်ပေးခဲ့တာ ဘာလဲဆိုရင်
လျစ်လျူရှုခြင်း..
ရှိသမျှမာန အရည်ဖျော်ပြီး
ခပ်ရဲရဲ ၀န်ခံရရင်
နင့်ကိုငါ သိပ်ချစ်ခဲ့ပါတယ်..
နင်ထားခဲ့ပြီးတော့ ငါဘာဖြစ်သလဲ
ပွင့်ပွင့်လင်းလင်း ၀န်ခံရရင်
မယုံနိုင်ခြင်းများနဲ့  ညတိုင်းငိုနေခဲ့တယ်..
နင်မရှိတော့တဲ့ နေ့ ရက်တွေ
ငါဘယ်လိုနေထိုင်သလဲ ၀န်ခံရရင်
စက္ကန့် နဲ့ အညီ နင့်ကိုလွမ်းမိပါတယ်..
ငါ့ရင်ထဲ နင့်ကိုနာကျည်းမိတာ
အတိအကျ ဆိုပေမဲ့
ငါ့ရဲ့နေ့ ရက်တိုင်း အလွမ်းတွေချည်းပဲ ချစ်သူ..
အလွမ်းများရဲ့နောက်ကွယ်မှာ
နင့်အတွက် နာကျည်းစိတ်နဲ့ အမုန်းတွေ
လှလှပပ သီကုံးထားမှန်း ငါသိနေတော့
အလွမ်းများရဲ့ နောက်တစ်မျက်နှာကို ငါမကြည့်ချင်ဘူး.. 
ဆူးသခင်(ရန်ကုန်)
No comments:
Post a Comment
ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ