Bobby Soxer (ထက်ထက်) က လတ်တလောမှာတော့ Business Management နောက်ဆုံးနှစ်ကို တက်ရောက်နေပြီး မတ်လအကုန် မှာ ကျောင်းပြီးမှာဖြစ်ပါတယ်။ ဒုံးပျံ MTV ကိုလည်း မတ်လထဲမှာ ထွက် ဖို့ ကြိုးစားနေတဲ့ ထက်ထက်က ရှိုး ပွဲတွေလည်း ဆက်တိုက်ဆိုဖြစ်နေပါတယ်။ ကြော်ငြာတွေလည်း ရိုက် ကူးဖြစ်တဲ့ ထက်ထက် က”ထက်က ကင်မရာ ကြောက်တာတို့၊ အိုက်တင်လုပ်ရမှာ ရှက်တာ တို့ သိပ်မရှိဘူး။ ဒါပေမဲ့ ရိုက်ကူးမှုများလာလေ ပိုအဆင်ပြေလာလေ ဖြစ်တာပေါ့။ ဘယ်လို ကြိုပြင် ဆင်သွားရမယ်ဆိုတဲ့ ပြင်ဆင်မှုတွေကို ပိုသိလာတော့ အဆင်ပြေတာပေါ့။ ကြော်ငြာထဲမှာဆိုရင်တော့ ထက်ရိုက်ခဲ့သမျှက story board နဲ့ရိုက်တာတွေ များတယ်။အဲဒီအထဲမှာမှ အမှတ် တရဖြစ်တာက ကိုစိုင်းနဲ့တွဲရိုက်တဲ့ KKOသိုးမွေးကြော်ငြာပေါ့။ အဲဒီမှာတော့ သီချင်းလေးနဲ့တွဲပြီး လှုပ်ရှားရတာ အဲဒါကတော့ ပျော်ဖို့ကောင်းတယ်။ အဆိုတော်တွေလည်း ဖြစ်တော့သီချင်းလေးနဲ့ လှုပ် ရှားရတာဆိုတော့ ပိုကောင်း တယ်”လို့ ပြောပါတယ်။
ထက် ထက် က Cheers အခွေ ထဲက သူနဲ့ဒီးဒီ(စန္ဒီမြင့်လွင်)ဆိုထားတဲ့ ရှာမှရှား အပုဒ်ရဲ့ အမ်တီဗီကို အမြန်ဆုံး ထွက်စေချင် ပြီးအားရတယ် လို့လည်း ပြောပါတယ်။
“ထက်တို့နှစ်ယောက် ပေါင်းပြီးလုပ်ထားတဲ့ ပါဖော့မန့်စ်က နည်းနည်းတော့ဆန်းမယ် ထင်တယ်။ ပြီး တော့ location လေးလည်းဆန်းလို့ ကြည့်စေချင် တယ်”လို့ ပြောပါတယ်။ ထက်ထက်ကို ဒီးဒီနဲ့တွဲဆိုခဲ့သလို၊ တခြားဘယ်သူတွေနဲ့ တွဲဆိုဖို့ထားတာမျိုးရှိလဲဆိုတော့ ”ထက်တို့အားလုံး တစ်ယောက်နဲ့တစ်ယောက် အမြဲတွေ့ဖြစ် ပါတယ်။ ဒါပေမဲ့ သီချင်းတွဲလုပ်ဖို့ကျတော့ ဥပမာ သီချင်းတစ်ပုဒ်ကို ရန်ကုန်ပွဲတွေမှာ
တွဲဆိုလို့ရပေမယ့် တခြားနယ်ရှိုးတွေမှာဆိုရင် တစ်ယောက်တည်း ဆိုရတာမျိုးတွေ ရှိတယ်။ နှစ်ယောက်ဆိုတဲ့သီချင်းကို တစ်ယောက်တည်းဆိုရင် သီချင်းအရသာမပြည့် စုံဘူးလို့ ခံစားရတော့ နောက်ပိုင်းမှာတော့ အလျဉ်းသင့်သလို၊ကိုယ့် အစ်မတွေ၊ အစ်ကိုတွေနဲ့ လုပ်မှာပါ။ အခုတော့ တစ်ကိုယ်တော် သီချင်းခွေတွေပဲ များနေတယ်”လို့ ပြောပါတယ်။
ချစ်သူများနေ့မှာထွက်ရှိမယ့် Stupid Cupid ဆိုတဲ့အတွဲခွေမှာ ထက်ထက်က ပေါ့ပ်ရော့ခ်တေးသံရှင် Rဇာနည်နဲ့တွဲဆိုထားတဲ့ အကြောင်းကို သိရလို့မေးကြည့် တော့”သီချင်းက Tempotအနှေးနဲ့Slowလေးဖြစ်တယ်။ တော်တော် Slow ဖြစ်လို့ ညီမတော်တော်ကို ခက်ခက်ခဲခဲကြိုးစား အားထုတ်ရတယ်။ အချစ်သီချင်းမှာ ရိုးရှင်းတဲ့ စာသားတွေကို ကာရန်နဲ့ချိတ်ထားတယ်လို့လည်း မဖြစ်အောင်ရေးရတယ်။ တော်တော်ကြိုးစားပြီး ခက်ခက်ခဲခဲရေးထားတဲ့ သီချင်းလို့ ပြောလို့ရပါတယ်။ Hip Hop Beat လည်း မဟုတ်ဘူး။ တေးရေးဆရာရေးထားတဲ့ သံစဉ်ပေါ်မှာညီမက Rap စာသားလိုက်ထည့် ပြီး ရောဆိုထားတဲ့သီချင်းပါ”လို့ ထက်ထက်ကပြောပါတယ်။
ရဲရဲ
POPULAR MYANMAR .COM မှ သိသမျှ ။
ဦးဇော်(သိသမျှ)
မမထက်ထက်အားပေးနေမယ်နော်
ReplyDeleteထက်ထက်သီချင်းကောင်းပါတယ်
ReplyDeleteအောင် ပိုင် လဲထက်ထက်သီချင်းကြိုက်ပါ
ReplyDeleteတယ်
ထက်ထက်ကိုချစ်တယ် မြန်မာဝတ်စုံနဲ့ပို သ
ReplyDeleteဘောကျတယ်
ထက်ထက်သီချင်းတွေအကုန်ကြိုက်တယ်
ReplyDeleteအမြဲအားပေးနေမယ်နော်
ကြိုးစားပါ
မမထက်ထက်သီချင်းအ၇မ်းကောင်းတယ်
ReplyDeleteထက်ထက်ကိုအရမ်းချစ်တယ်
ReplyDelete