အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Tuesday 12 February 2013

အောင်မြင်မှု နောက်ကွယ်က ပေးဆပ်ရတဲ့ တန်ဖိုးအကြောင်း ဝတ်မှုံရွှေရည်ပြော

အလွမ်းမင်းသားလေး | 10:31 | Best Blogger Tips


အနုပညာ လောကမှာ အချိန်တို အတွင်း ပရိသတ်တွေရဲ့ လက်ခံ အားပေးမှုကို ရရှိထားပြီး ကြော်ငြာ ဘေဘုတ်တွေမှာလည်း အိုက်တင် အမျိုးမျိုးနဲ့ လှုပ်ရှားတတ်ပြီး ပရိသတ်တွေရင်ထဲမှာ ကိုယ်ပိုင် မှတ်တိုင် တစ်ခုကို စိုက်ထူနိုင်ခဲ့တဲ့ အနုပညာရှင်ကတော့ ဝတ်မှုံရွှေရည်ပဲ ဖြစ်ပါတယ်။ အောင်မြင် မှုပန်းတိုင်တွေ တစ်နှစ်ထက် တစ်နှစ် ပိုလို့ တိုးလာပါပြီ။
ဝတ်မှုံရွှေရည် အနေနဲ့ ဒီလို မအောင်မြင်ခင်က ကြိုးစားခဲ့ရတဲ့ အချိန်နဲ့ နာမည်ရပြီး ကိုယ့်နာမည် တစ်လုံး ရေရှည် တည်တံ့အောင် ဘယ်လိုမျိုး ကြိုး စားခဲ့ရလဲလို့ မေးတော့ “မအောင်မြင်ခင်ကလည်း အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင် ကြုံတွေ့ရတယ်။ အောင်မြင်ပြန်တော့လည်း
အဲဒီ အောင်မြင်နေတဲ့ အောင်မြင်မှု ကို ထိန်းဖို့လည်း ခက်ခဲတာပဲ။ သူ့နေရာနဲ့သူ နေရာတိုင်းမှာ အခက်အခဲလေးတွေ ရှိတတ် စမြဲပါ။ အဓိကကတော့ ကိုယ့်အလုပ်ကိုယ် တန်ဖိုးထားတတ် ရမယ်။ အလေးထား တတ်ရမယ်။ အလုပ်ကို အလုပ်နဲ့ တူအောင် လုပ်ဖို့လည်း လိုတယ်။ လူမှုရေးကအစ ကိုယ်လုပ်တဲ့ အလုပ် အပေါ်မှာ စေတနာကို အလေးထားရမယ်။ အဓိက အချက်ကတော့ ကိုယ်ဖြစ်ချင်တဲ့ စိတ်ဆန္ဒ။ ဖြစ်ချင်တာကို ဖြစ်အောင် လုပ်ဖို့ အရေးအကြီးဆုံးပါ။ ဘယ်အရာ၊ ဘယ်နေရာ၊ ဘယ်သူမဆို အခက်အခဲဆိုတာ ရှိတတ်တယ်” လို့ ပြောပြပါတယ်။



အနုပညာ အောင်မြင်မှု နောက်ကွယ်မှာ ပေးဆပ်ရတဲ့ တန်ဖိုးက အင်မတန် ကြီးမားတာနဲ့ ပတ်သက်ပြီး “အနုပညာက လွယ်သလို ထင်ရပေမယ့် တကယ် လက်တွေ့ လုပ်တာနဲ့ မတူဘူး။ အနုပညာလို့သာ ပြောတာ တအား ပင်ပန်းတယ်။ ပရိသတ်တွေအမြင်မှာ နုနုရွရွလေး တွေဆိုပေမယ့် တကယ်တမ်း လုပ်ကြည့်မှ သိလိမ့်မယ်။ ပင်ပန်းပြီး ခက်ခဲတယ်။ နေပူ၊ မိုးရွာ မရှောင်၊ အသားအရေတွေကအစ ပျက်စီးတယ်။ ဇာတ် လမ်းထဲမှာ တော့ ဒီမင်းသား၊ မင်းသမီး တအားလှတယ်၊ ချစ်စရာ၊ သရုပ်ဆောင်တာ တော်တယ်လို့သာ မြင်ကြတယ်။ ဒီလိုရအောင် နောက်ကွယ်က ကြိုးစားခဲ့တာတွေ၊ ပင်ပန်းခဲ့တာ တွေ အနုပညာသမားတိုင်း အသိဆုံး ပါပဲ။ မလုပ်ချင်ဘူး ငြင်းပယ်ခွင့် မရှိဘူး။ ပီပြင်အောင်ပဲ ကြိုးစားရတယ်” လို့ ဝတ်မှုံရွှေရည်က ပြောပါတယ်။
ကြော်ငြာ ရိုက်ကူးမှုနဲ့ ဇာတ်ကား ရိုက်ကူးမှု ကွာခြားပုံကိုလည်း မေးမြန်း ဖြစ်ခဲ့သလို ဇာတ်ကား ရိုက်ကူး ပြင် ဆင်ပုံကို မေးကြည့်တော့” ကစ်က ဇာတ်ကား တစ်ကား စလက်ခံပြီဆိုရင် ကစ် ပထမဆုံး ဇာတ်လမ်းကို သေသေ ချာချာ ဖတ်တယ်။ ပြီးရင် ဘယ်အခန်း က ဘယ်လို အဝတ်အစားနဲ့ လိုက်လဲ၊ ဆံပင်ကိုကော ဘယ်လိုပြင်ရင် လှမလဲ၊ ပြီးတော့ ဒီဇာတ် ဝင်ခန်းနဲ့ အဝတ် အစား၊ ဆံပင်၊ မိတ်ကပ်နဲ့ လိုက်ဖက်တဲ့ အိုက်တင်ကို စဉ်းစားတယ်။ တစ်ခု ချင်းစီကို သေသေချာချာ ကစ် စဉ်းစား ပြင်ဆင်ပြီးမှ ရိုက်တယ်” လို့ ဝတ်မှုံရွှေရည်က ပြောပါတယ်။
စက္ကန့် မိနစ် ပိုင်းလောက် အနုပညာ ဖျော်ဖြေခွင့် ရတဲ့ ကိုယ့် ကြော်ငြာကို ပရိသတ်တွေ လက်ခံအောင် မရိုက်ခင် ကြိုတင် ပြင်ဆင်မှုနဲ့ ပတ်သက်လို့ မေးကြည့်တော့ “တယ်ယုံတယ်။ ကြော်ငြာက ဇာတ်လမ်းနဲ့ လုံးဝ မတူဘူး။ ဇာတ်ကားက ကာရိုက်တာ နည်းသွား တယ်။ ဇာတ်ရုပ်ကို ပီပြင်အောင် လုပ်ရတယ်။ လှချင် ပချင်လည်း မရဘူး။ ဇာတ်အတိုင်းပဲ သွားရတယ်။ ကြော်ငြာ ကျတော့ စက္ကန့်အနည်း ငယ်အတွင်းမှာ ဆွဲဆောင်ရတယ်ဆို တော့ လှလှ ပပ ဖြစ်ရမယ်။ အိုက်တင်တွေ မတူအောင် လုပ်ရတယ်။ ပြီးတော့ ကြော်ငြာ တီးလုံးတွေ မြူးရင် မြူးသလို ကိုယ်လည်း လိုက်မြူးရတယ်။ ကြော်ငြာပစ္စည်းတွေက မတူသလို တစ်ခုနဲ့ တစ်ခု အိုက်တင် မတူအောင် မထပ်အောင် လုပ်ရတယ်။ ကြော်ငြာက လှမှ ပေါက်တာလေ။ နှစ်ခု စလုံးကတော့ မလွယ်ဘူး။ သူ့နေရာ နဲ့ သူတန်ဖိုး ရှိသလို၊ ခက်ခဲတယ်” လို့ ပြောပြခဲ့ပါတယ်။
ဝတ်မှုံရွှေရည်က အခုလတ်တလေမှာ UNIQUE အမျိုးသား၊ အမျိုးသမီး လူငယ်ဝတ် အင်္ကျီကို ကြော်ငြာ ရိုက်ကူး ထားပါတယ်။







ထူးထူး
 Popular News 

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ