
လွမ်းပြီးရင်လည်း
ထပ်ထပ်ပြီးလွမ်းခဲ့ 
ဒါပေမယ့် 
ဆောင်းတွင်းမရှိတဲ့ မြို့ က
နှင်းမချစ်တဲ့ ကောင်မလေးရေ….
အိပ်မက်မရှိတဲ့ ဒေသမှာ
အနာဂတ်ဆန်ဆန်ပါပဲ
မင်းကိုငါ ချစ်တယ်ဆိုတာ
ဖိုးကျော်ဆိုတဲ့  ၀ိဥာဉ်တစ်ကောင်သာ
ကျကျနန သိခဲ့ တယ်။
နှင်းတွေနဲ့ ရစ်သိုင်း
မှိုင်းမှိုင်းဝေအောင် ရင်ခုန်ရင်း
ဆင်ခြေဖုံးအရပ်မှာ မင်းကိုမလွမ်းဖို့ 
ငါ့ ကိုယ်ငါ တားမြစ်ခဲ့ ပြီ ။ ။
ဖိုးကျော်
ကြည်နုးစ၇ာကောင်းလိုက်တာ
ReplyDelete