အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Thursday 14 February 2013

ကိုယ်ပိုင်ချစ်ခွင့်...

အလွမ်းမင်းသားလေး | 21:45 | Best Blogger Tips


 
ချစ်သူ...
ပါးပါးလေးလို့ ထင်ထားခဲ့မိတယ်...
ခုတော့..
တဖြည်းဖြည်းနဲ့ ထူထဲလာပြီး...
နာကျင်နေရမဲ့အစား...
နင့်ကို ပိုလွမ်းနေမိတယ်...
မေ့ပစ်ဖို့ စဉ်းစားမိတိုင်း ...
နင့်ကိုပိုပြီး အမှတ်ရနေမိတယ်...
မုန်းပစ်ဖို့ ကြိုးစားလိုက်တိုင်း.......
နင့်ကို တိုးပြီး ချစ်လာမိတယ်..
ချစ်ခဲ့တာဟာ...
မုန်းမေ့ဖို့မဟုတ်ဘူး....
နာကျင်ခံစား နေရဖို့လဲ မဟုတ်ဘူးနော်..
နားလည်မှု့ ပေးဆပ်မှု့တွေနဲ့....
နင့်ကိုချစ်ခဲ့တာပါ  ချစ်သူ...
ပိုင်ဆိုင်ခွင့် လဲ ငါမလိုချင်ဘူး...
အနိုင် အရှုံး....
တိုင်းတာမှု့  ခိုင်းနိုင်းမှု့တွေနဲ့..
ငါ့ရဲ့အချစ်ကို တန်ဖိုး မဖြတ်ပါနဲ့..
တုံ့ပြန်မှု့ မရှိဘူးဆိုတာ...
ငါ အစကတည်းက သိနားလည်ထားပါတယ်...
နင့်ကိုချစ်ခဲ့မိလို့လဲ ...
ငါနောင်တရနေမှာ မဟုတ်ဘူး...
ငါ့ရဲ့မိုက်မဲမှု့တွေဘဲလို့..
နင်ထင်မှတ်နိုင်ပါတယ်...
စစ်မှန်တဲ့ ငါ့ရဲ့အချစ်...
ငါ့ရဲ့ ကိုယ်ပိုင်ချစ်နေခွင့် နဲ့...
နင့်ကို အသက်ထက်ဆုံး ...
ငါချစ်သွားမှာ  ချစ်သူ.....

                              
တေးတေး  12.2.2013

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ