အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Thursday 28 February 2013

ချစ်မြတ်နိုးမှု့....

အလွမ်းမင်းသားလေး | 04:06 | Best Blogger Tips



မတူညီတဲ့ ဘဝ
မတူညီတဲ့  အယူအဆ
မတူညီတဲ့  အတွေး အခေါ်
မတူညီခြင်းများစွာနဲ့
နင်နဲ့ငါ့ကို ဆုံတွေ့စေခဲ့တဲ့ ကံကြမ္မာ
ချစ်နေခွင့်ကိုသာ
တမ်းတနေမိတဲ့ ငါ
ပေးဆပ်မှု့
နားလည်မှု့ ကိုသာ
ခုံမင်နေခဲ့တဲ့  ငါ
တခါလေးထဲသာ ချစ်ခဲ့ဖူးလို့
ဒီအချစ်နဲ့ပါတ်သက်လို့
နင်မြင်ခြင်တဲ့ဘက်ကမြင်နိုင်ပါတယ်
တောအရိုင်းပန်းလေးတွေလိုပါဘဲ
အတ္တမရှိဘူး မာနမရှိဘူး
သဘာဝတရားကြီးကပေးတဲ့ဖြူစင်မှု့
သန့်ရှင်းမှု့တွေဘဲရှိတယ်
တောပန်းလေးနဲ့တူတဲ့ငါ့အချစ်ကို
နင်တန်ဖိုးမထားချင်လဲရပါတယ်
နင့်ကို
ငါ့ဘဝ
ငါ့အသက်ထက်
ငါချစ်မြတ်နိုးခဲ့ပါတယ်
ဒီလိုချစ်မြတ်နိုးမှု့ကြောင့်
တချိန်ချိန်လေးမှာ
နင့်ရင်ထဲမှာ
တောပန်းငယ်လေးအတွက်
နေရာရှိနေခဲ့မယ် ဆိုတာ


                       တေးတေး   26-2-2013(11:30 pm)

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ