အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Saturday 2 March 2013

မင်း မသိဘူး ...

အလွမ်းမင်းသားလေး | 07:08 | Best Blogger Tips


မင်း အိင်္ကျီ အိပ်ကပ်လေးထဲမှာ
ငါ့ နှလုံးသားလေး တွဲလွဲခိုသွားတယ်
မင်း မသိခဲ့ဘူး
သစ်ရွက်ကြွေသံတွေကြားမှာ
မင်းမျက်နှာလေးကို ငေးကြည့်ခဲ့မိပေါ့
ဒါကိုလည်း မင်းမသိခဲ့ဘူး

 လေပြေညင်းလေးတွေ ဆော့ကစားခံလိုက်ရတဲ့
မင်းဆံနွယ်တွေကြား
ငါ့အပြုံးလေး တွဲခိုသွားတာလည်း
မင်း မသိခဲ့ဘူး
တကယ်ဆို
မသိခြင်းများတဲ့ သူအပေါ်
တွယ်တာမှုများနေမိတာကိုယ်က
ဝဋ်ကြွေးထင်ပါရဲ့
ဟော...
မင်း ရဲ့ အပြုံးဟာ
ငါ့အတွက် ဂီတ ဖြစ်နေပြန်ပြီ
ဒါကိုလည်း..
မင်း မသိပါဘူးလေ
 
 
ရည်ဝေ(ကမ္ဘာငယ်လေး)

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ