အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Friday 19 October 2012

**အပျော်ဖတ်နေ့တချို့ ထံ အလည်အပတ်***

အလွမ်းမင်းသားလေး | 04:12 | Best Blogger Tips


ဒီလောက်လွယ်လွယ် လိုက်လျော
နေတာတောင်မှ
အာသာက မပြေနိုင်သေး

လောကဓံကိုရယ်လေ
ရေနည်းငါးလို ဘ၀ကိုမှ
သဲသဲမဲမဲတွယ်ကပ်လို့ ၊

ခြေသလုံးအိမ်တိုင် စိတ်ကူးမြေရိုင်းတွေမှာ
အိပ်မက် တစ်သက်တာ လောက်ထွန်ယက်ခဲ့ 
အသစ်အဆန်း ရှုမျှော်ခင်းတွေဆီက
ညစ်ထေထေ အပြုံးတစ်ပွင့်ရခဲ့
အဲဒီမနက်က ကိုယ့်ကိုယ်ကို မှန်ထဲကြည့်မိတော့
မှားယွင်းမှုတို့ ကျင်လည်ပေါက်ဖွားရာ
ရေဆိုးမြောင်း တစ်ခုအဖြစ်မြင်ရ
ခပ်ဖွဖွ ရယ်မောလိုက်ရတယ်၊

အဲဒီအနံဆိုးဆိုးမြောင်းကလေး
အနေအထိုင်မတတ်ပုံက
သူဟာ ကမ္ဘာကြီးကို လှည့်ပတ်သူ
ပင်လယ်ကူး သင်္ဘောကြီး တစ်စင်းတဲ့၊
ပြီးတော့ထပ်ပြီး
သူဟာဘုရားသခင်ရဲ့ လက်ဖျံရိုးတစ်ချောင်းတဲ့
မြူတစ်မှုန်အစ စကြ၀ဠာအဆုံး
ဖန်ဆင်းလိုက်မယ်တဲ့၊

ဒီလောက်တစ်ဘ၀လုံး မီးလောင်နေတာတောင်မှ
သူဟာခံစားမှု ၀ါဒီစစ်စစ်တစ်ယောက်ပါ
ရင်ခုန်တာပဲ ယုံတယ်လို့စိတ်ကြီးဝင်နေဆဲပေါ့၊

အဆီအငေါ်မတည့်တဲ့
နေ့တွေညတွေမှာ
စီးကရက်ဖွာလိုက်
မြင်မြင်ရာ အငေါ်တူးလိုက်
ညည်းညူသံတွေကို ညည်းညူလိုက်နဲ့
လူတစ်ယောက်တဲ့ တန်ဖိုးဆိုတာ
သူ့ကိုမကြည်ဖြူတဲ့ လောကကြီးထဲ
အရသာရှိရှိသီးပွင့်ဖို့ပဲ မဟုတ်လား
အဲသလို ဆိုပြီးတော့
ကိုယ့်ကိုယ်ကို သိပ်ကျေနပ်သွားပုံနဲ့
သီချင်းညည်းနေပြန်တယ်၊

အေးအေးလူလူပဲ စီးဆင်းခဲ့
ဒဏ်ရာတွေကို ပုံကြီးချဲ့ ဖို့ဆိုတာက
အရှုံးပေါ် သိပ်လေးနက်ရာ ကျနေမလား၊
မြစ်တစ်စင်းလိုနေထိုင်ခဲ့ပြီးမှ
ကွေ့ကောက်မှုကို ယိုးမယ်မဖွဲ့  လိုတော့ပါ ။ ။

ဘုန်းသက်ပိုင်

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ