အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Wednesday 17 October 2012

ဇာတ်ဆရာအလိုကျ...

အလွမ်းမင်းသားလေး | 07:38 | Best Blogger Tips



ကိုယ်တိုင်ရေး
ကိုယ်တိုင်တွေး
ကိုယ်တိုင်ဖန်တီးထားတဲ့ 
ငါ့ရဲ့ တစ်ခန်းရပ်အချစ်ဇာတ်လမ်းမှာ

အရံလူဖြစ်လိမ့်မယ်လို့ 
ဘယ်တုန်းကမှ မတွေးခဲ့ မိဘူး
ထားလိုက်ပါတော့လေ ကံကြမ္မာ
ဇတ်ညွှန်းရေးဆရာက ငါ့အတွက်
အလွမ်းကကြိုးတွေပဲ ဖန်တီးခဲ့ တာကို

နောင်အခါမှာ အခွင့်သာလို့ 
ကံကြမ္မာဇတ်ဆရာက ငါ့ကိုသနားခဲ့ ရင်ပေါ့
ဖြစ်လိုက်ချင်ပါတယ် ဇာတ်ဆရာရေ
ဘယ်အခန်းဘယ်နေရာရောက်ရောက်
ဇာတ်သိမ်းခန်းမှာ မင်းသမီးလေးနဲ့ သာ ပေါင်းရပါရစေသား
                            
ဖိုးခွားလေး (ကော့မှူးမြို့ )

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ