အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Sunday 13 January 2013

တွေးရယ်စရာ....

အလွမ်းမင်းသားလေး | 02:58 | Best Blogger Tips
"သားအားလုံးသိတယ်နော်"

တစ်ခါကသိပ်လည်တဲ့ကလေးတစ်ယောက်ရှိပါတယ်။
တစ်နေ့ သူ့ မေမေအလှပြင်နေတဲ့အနားကိုသွားပြီး
"မေမေ သားအားလုံးသိတယ်နော်" လို့ ပြောတဲ့အခါ
သူ့ မေမေက "အေးအေး သား.. သားကလိမ်မာတယ် ဘယ်သူ့ မှလျှောက်မပြောနဲ့ 
မုန့် ဖိုးယူသွား " ဆိုပြီး မုန့် ဖိုးပေးလိုက်ပါတယ်။
ဒါနဲ့ ကလေးက သူ့ ဖေဖေဆီသွားပြီး "ဖေဖေသားအားလုံး သိတယ်နော်"လို့ 
ပြောလိုက်ပါတယ်။ သူ့ ဖေဖေကလည်း "အေးအေး သားအတွက် မုန့် ဖိုး
ယူသွား လျှောက်မပြောနဲ့ " ဆိုပြီးမုန့် ဖိုးပေးလိုက်ပါတယ်။



အဲဒီအချိန်မှာ အိမ်ကိုစာပို့ သမားတစ်ယောက်ရောက်လာပါတယ်
ကလေးက " ဦးလေး ဦးလေး သားအားလုံးသိတယ်နော်"လို့ ပြောတဲ့ အခါ
စာပို့ သမားကြီးပြန်ပြောလိုက်တာကတော့"အမလေး လူလေးရယ် မင်းအား
လုံးသိသွားပြီလား လာစမ်းပါဦးဖေဖေ့ဆီကို" ဖြစ်ပါသတဲ့။



"တရားခံဘယ်သူလဲဟေ့"


တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ ဘုန်းကံကြီးမားတဲ့ဘုရင်ကြီးတစ်ပါး အုပ်ချုပ်မင်းလုပ်နေသတဲ့။
ဘုရင်ကြီးရဲ့ နှူတ်ထွက်စကားဟာလည်း သမာသမတ်ရှိတာနဲ့ အညီ တည်စေမြဲစေဖြစ်ပါသတဲ့။
တစ်နေ့ တိုင်းခမ်းလှည့်လည်တဲ့အခါ မိန်းမတစ်ယောက်က
“အရှင်မင်းကြီး ကျွန်တော်မတို့  မိန်းမသားတွေမှာ ကိုယ်ဝန်ဆောင်ပြီးမီးဖွားတဲ့အခါ
နာကျင်ဆင်းရဲမှုတွေကို ခံစားရပါတယ်..ဒီကိုယ်ဝန်ဟာ ယောကျာင်္းတွေန.ဲ လည်းသက်ဆိုင်တဲ.အတွက် ဒီလိုနာကျင်မှုတွေကိုသူတ.ို လည်းခံစားရမှတရားနည်းလမ်းကျပါလိမ့်မယ်လို.” လျှောက်တင်သတဲ့။ဒါနဲ.မင်းကြီးလည်းဟုတ်ပေသားဆိုပြီး”မိန်းမတွေမီးဖွားတဲ့အခါ
သက်ဆိုင်တဲ့ ခင်ပွန်းဖြစ်သူက နာကျင်မှုကိုခံစားစေ” လို့ အမိန့် တော်ချမှတ်လိုက်ပါတယ်။
အဲဒီအချိန်ကစပြီး တိုင်းပြည်အတွင်းမှာမိန်းမတွေမီးဖွားတိုင်း သက်ဆိုင်ရာယောကျာင်္းတွေကဗိုက်နာကြသတဲ့။
တစ်နေ.တော့မင်းကြီးရဲ့ညီလာခံသဘင်မှာအမတ်ချုပ်ကြီးက ထပြီးဗိုက်နာပါသတဲ့။
အဲဒီအချိန်မှာတကယ်တမ်းမီးဖွားနေတာကတော့ မိဖုရားကြီးဖြစ်နေပါသတဲ့။


ဖတ်မိတာလေးမျှဝေပေးတာပါ ။

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ