အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Friday 18 January 2013

မိမိတို့အတွက် အရေးကြီးသည့် Drive ဖျောက်နည်း ...

အလွမ်းမင်းသားလေး | 06:46 | Best Blogger Tips


Drive Lock ကျသွားတာနဲ့ တိုက်ဆိုက်ပြီး ဒီ Post ကို ရေးလိုက်တာပါ။ အကြောင်းကတော့ သူက အရေးကြီးတဲ့ အခြားသူ မကြည့်စေချင်တဲ့ အကြောင်းအရာတွေကို Drive တစ်ခုတည်မှာ ထဲပြီးတော့ အဲ့ဒီ Drive ကို Easy Drive lock 4.0 ကို Run လိုက်ပါတယ်။ ပြီတော့ Drive ကိုဖွင့်လိုက်တော့ ဖွင့်လို့မရတော့ဘူး။ Password ထည့်တော့လည် အဆင်မပြေဘူး။ ဒါနဲ့ ရနိုင်သမျှ နည်းလမ်း အားလုံးသုံးတယ်( ကျွန်တော် သိသလောက် )အဆင်မပြေဘူး။ ဒါနဲ့ System Restore ပြန်ခေါ်ရင် အဆင်ပြေတယ်။


ဒါနဲ့ ခေါ်မယ်လုပ်ပြီးမှ မခေါ်သေးပါဘူး။ နောက်နည်းလမ်း ရှာကြည့်အုံးမယ်ဆို ရှာကြံနေတုန်ရှိသေး။ ဒါနဲ့ ပြန်ပိတ်လိုက်တယ်။ မထူးတော့ဘူး System Restore ပြန်ခေါ်မယ်လုပ်တော့ ခေါ်လို့မရတော့ဘူး။ 
 
 
ဒီ ဆော့လ်ဝဲနဲ့ ပတ်သက်ပြီး သုံးဖူးလို့ ကြုံဖူးတဲ့ သူငယ်ချင်းက နောက်ဆို Drive အားလုံးပါ Lock ကျသွားတယ်တဲ့။ ဒါနဲ့ Windows ချလိုက်ရတယ်။ အဲဒီလို မိမိလုံခြုံရေးအတွက် လုပ်တဲ့နေရာမှာ ကျွန်တော် Software မလိုတဲ့နည်းတွေ အတော် တင်ပြခဲ့ပြီးဖြစ်ပါတယ်။ အခုနည်းကတော့ ကျွန်တော် အရင်က မရေးခဲ့ပါဘူး။ အပြုသဘော ပြောခဲ့တာဘဲ ရှိပါတယ်။ ဒီနေ့တော့ အသေးစိတ် ရေးပေးပါမည်။

အကြောင်းက မိမိ အရေးကြီးတဲ့ ဖိုင်တွေ အားလုံးကို partition တစ်ခုမှာထည့်လိုက်ပါ။ ပြီရင် ကျွန်တော် အောက်မှာ တင်ပြတဲ့အတိုင်းလုပ်ဆောင်လိုက်ပါ.။ ဒီထပ် ရှင်းအောင်ပြောရရင်တော့ မိမိက partition (4)ပိုင်း ပိုင်းထားတယ်ဆိုပါဆို။ ကိုယ်က တစ်ပိုင်းကို hide လိုက်တဲ့ အခါမှာ မိမိ စက်ကို အခြား သူငယ်ချင်းတွေ အမြင်မှာ partition (3) ပိုင်းဘဲ တွေ့ရတော့မယ်။ ဒါကြောင့် Software ထပ်လုံခြုံပါ တယ်။ ဘာပြဿနာမှ မရှိပါဘူး။ အတော်အတန့် မိမိ ဖြောက်ထားတဲ့ partition ကို ကိုယ့်စက်လာသုံး တဲ့လူ မသိနိုင်ပါဘူး။ လေအတော် ရှည်နေပြီး အောက်က နည်းအတိုင်းလုပ်ဆောင်လိုက်ပါ.။ Windows အားလုံး အသုံးပြုနိုင်ပါတယ်။

လုပ်နည်း

1. Start >> Run >> gpedit.msc လို့ရိုက်ပြီး Enter ခေါ်လိုက်ပါ။
2. user configuration >> Administrative Templates >> Windows components >> Windows Explorer စတဲ့ အတိုင်းရောက်အောင် သွားလိုက်ပါ။ ပြီးရင် Windows Explorer ကို ရောက်တာနဲ့ Double click နိုပ်ပြီး ဖွင့်လိုက်ပါ။ Hide these specified drives in My computer ကိုရှာ လိုက်ပါ. ။ တွေ့ရင် Double click နိုပ်ပြီး ဖွင့်လိုက်ပါ။



3.Hide these specified drives in My computer ကို Double click ပေးလိုက်ပါ။ ပြီရင် အောက်မှာတွေ့ရတဲ့ အတိုင်း Enabled ကို အမှန်ခြစ်ပေးလိုက်ပါ.။ Option အောက်က အကွက်မှာ မိမိက partition အားလုံးကို ဖျောက်မှာလာ။ တစ်ခုကိုဘဲ ဖျောက်မှာလာဆိုတာ တွေ့နိုင်ပါတယ်.။ ကျွန်တော်ကတော့ D: partition တစ်ခုကိုဘဲ ဖျောက်မှာ ဖြစ်တဲ့ အတွက် Restrict D Drive only ကိုဘဲ ရွှေးလိုက်ပါတယ်။ Apply ကို နိုပ်ပြီ OK ပေးလိုက်ပါ။ My computer ဖွင့်ပြီးကြည့်လိုက်ပါ။ မိမိဖျောက်လိုက်တဲ့ Drive ကို မတွေ့နိုင်တော့ပါဘူး။ ပြန်ဖော်ချင်ရင် Not Configured ကို အမှန်ခြစ်ပြန်ပေးလိုက်ပါ။

 



No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ