အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏
Thursday 17 January 2013
ပိုင်းခြေတူတဲ့ အချစ်...
အလွမ်းမင်းသားလေး | 06:14 | Best Blogger Tips
မရေရာတဲ့  ငါ့အနာဂါတ်နဲ့ 
မသေချာတဲ့  မနက်ဖြန်များစွာကိုဖြတ်ကျော်ရင်
မျော်လင့်ချက်တွေ ဝေးကွာနေပေမယ့်
နင်ယုံကြည်ထားရမှာတစ်ခုက
နင့်ကိုမြတ်မြတ်နိုးနိုးနဲ့  နစ်နစ်ကာကာ ချစ်ပါတယ်ဆိုတာကလွဲပြီး
ငါဘာမှလုပ်မပြနိုင်ခဲ့ ဘူး နင့်အတွက်ဘာမှမဖြည့်ဆည်းနိုင်ခဲ့ ဘူး
ကောင်ကင်မှာကြယ်လေးတွေ ကြွေကျနေပေမယ့်
ကုန်သွားတယ် မရှိပါဘူး အသစ်သစ်တွေ ပြန်ထွက်စမြဲပါ
မိုးရည်စက်များစွာ ရွာချနေပေမယ့်
ကုန်သွားရိုးထုံးစံမရှိပါဘူး ရွာမြဲရွာနေဆဲပါ
ရင်ထဲကနင့်အတွက် အချစ်တွေကလည်း
ကုန်သွားတယ် မရှိပါဘူး ချစ်မြဲချစ်ဆဲချစ်နေလျှက်ပါ 
 နင့်အတွက်ကျတဲ့ ငါ့မျက်ရည်တွေကလည်း
ခမ်းသွားတယ် မရှိပါဘူး ချစ်သူငိုမြဲငိုနေ ရဆဲပါ
အနေဝေးနေပေမယ်လည်း
မေ့သွားတယ် မရှိခဲ့ ပါဘူး
အချစ်ဆိုတာကလည်း
ပိုင်းခြေတူမှ ပေါင်းလို့ နုတ်လို့ ရသလို
ငါတို့ ရဲ့ရင်ခုန်းခြင်းနဲ့ ထက်တူကျ
ယုံကြည်နားလည်ထာဝရ ချစ်ခြင်းတွေနဲ့ ပေါင်းစည်းကြမယ်
နောက်ဆုံး ညီမျှခြင်းရလဒ်က သုံညမဟုတ်ပဲ
ဝမ်းနည်းကြေကွဲစရာတွေ မဟုတ်ပါရစေနဲ့ ချစ်သူ
 ဖိုးခွားလေး (ကော့မှူမြို့ )
No comments:
Post a Comment
ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ